ဥရောပတိုက် အတွင်းမှာ တည်ရှိတဲ့ ရူမေးနီယားနိုင်ငံထဲမှာ ထူးထူးဆန်းဆန်း အရာတွေနဲ့ ပြည့်နှက်နေတဲ့ တောအုပ်တစ်ခု ရှိပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ ထိုတောအုပ်ကလေးဟာ ဘာမြူဒါတြိဂံလို လှို့ဝှက်ချက်တွေ ရှိတယ် လို့နာမည် ကြီးနေတာပဲ ဖြစ်ပါတယ်။ Hoia Bacui အမည်ရှိ ဒီတောအုပ်လေးထဲမှာ လူများထူးဆန်းစွာ ပျောက်ဆုံးခြင်း ၊လျပ်စစ် ပစ္စည်းများ တောအုပ် အတွင်းသို့ ယူသွားလျင် အလိုလို ရပ်တန့်ခြင်း နှင့် UFO မြင်တွေ့မှုများ မကြာခဏ ကြုံတွေ့ရတယ်လို့လည်း ကောလဟာလတွေ ထွက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယနေ့အချိန်ထိတော့ သက်သေ အတိအကျနဲ့ မဖော်ပြနိုင်သေးပါဘူး။

Photo Credit : Once A Glance Page

အလွန်ပူပြင်းလှတဲ့ နာမည်ကြီး ဆာဟာရ သဲကန္ဒာရအတွင်း မိုင် ၂၅၀ ပါတ်ချာလည်တွင် ရှားရှားပါးပါး သစ်ပင်တစ်ပင်တည်း ရှိပါတယ်။ နှစ်ပေါင်း ၃၀၀ အတွင်း တည်ရှိနေတေဲ့ တစ်ပင်တည်းသာ ရှင်သန်ပေါက်ရောက်နေတဲ့ အပင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း 1973 ခုနှစ်တုန်းက အမူးသမားတစ်ယောက်ဟာ ကားမောင်းလာပြီး အရှိန် မထိန်း နိုင်ဘဲ သစ်ပင် နှင့် ဝင်တိုက်မိ ခဲ့ ပါသေးတယ်။ ကံကောင်းချင်တော့ သစ်ပင်ကတော့ သေ သွားဟန်မရှိပဲ ဆက်လက်ရှင်သန်နေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

နာမည်ကြီးူ ပိရမစ် တွေကို အမှတ်တမဲ့ကြည့်တဲ့အခါ အနား ၄ ဖက်လို့ထင်ရပေမယ့်လည်း အနား ၄ ဖက်ဆိုတာ ပုံသေ မဟုတ်ပါဘူး ။ ဂါဇာ မှာ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ပိရမစ်က "အနား ၈" ဖက် ရှိတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ပိရမစ် အတွင်း ပိုင်းတည်ဆောက်ပုံ က ထင်ထားတာထက် ပိုမို ရှုပ်ထွေးပြီး အပူကြောင့် Expansion ဖြစ်ကာ ပိရမစ် ပြိုမကျအောင် ကြားခံ အခန်းတွေ တည်ဆောက်ထား တာကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ပိရမစ်တည်ဆောက် ထားတဲ့ ဒီဇိုင်း ပညာရှင်တွေဟာ အတော်လေးကို အရည်ချင်းပြည့်ဝတဲ့ လူတွေလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Photo Credit : Pngtree

Source : Once A Glance Page 

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။