ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ကတည်းက ချစ်မွှေးပါတဲ့မျက်နှာလေးကြောင့် ပရိသတ်တွေကဝိုင်းချစ်ပြီး အားပေးခဲ့ကြပါတယ်နော်။နောက်ပိုင်းမှာတော့ ပရိသတ်တွေတော်တော်များများလည်း သူမကိုသတိထားမိလာပြီး အားပေးဝန်းရံလာခဲ့ကာ သဉ္ဇာနွယ်ဝင်းလည်း အနုပညာလောကမှာ နေရာတစ်နေရာကနေရပ်တည်လာတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook

အခုချိန်မှာဆိုရင် သဉ္ဇာနွယ်ဝင်းကသာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားလေးတစ်ယောက်ကိုလည်း မွေးဖွားထားတာဖြစ်ပါတယ်။နောက်ထပ်လည်း သမီးလေးကိုယ်ဝန်ကိုလွယ်ထားရတဲ့ မေမေသဉ္ဇာနွယ်ဝင်းက မကြာခင်မှာ သမီးချောလေးတစ်ယောက်ကို ထပ်ပိုင်ဆိုင်တော့မှာဖြစ်လို့ အရမ်းပျော်ရွှင်နေပြီး မင်းသမီးမေမေလုပ်ဖို့စိတ်ကူးနေတာဖြစ်ပါတယ်။

Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့သားလေးအပေါ်ကို သေချာဂရုစိုက်ပေးပြီး အားကိုးရတဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်လို့ သဉ္ဇာနွယ်ဝင်းကအိမ်ထောင်ကျကံကောင်းပါတယ်နော်။အခုဆိုရင်လည်း သဉ္ဇာနွယ်ဝင်းက ယနေ့အချိန်ထိမရိုးသွားဘဲ ပိုပိုတိုးလို့ချစ်နေပြီးဂရုစိုက်ပေးနေတဲ့ ချစ်ခင်ပွန်းကို "love you so much pa pa" ဆိုပြီး ဇနီးမောင်နှံနှစ်ယောက်ရဲ့စုံတွဲပုံလေးကို မျှဝေလာပါတယ်နော်။

Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook
Photo Credit:Thinzar Nwe Win's Facebook

Photo Credit:Thinzar Nwe Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။