photo credit - liquipedia

Old But Gold dota 2 အသင်းကတော့ လက်ရှိမှာ Diaband ပြုလုပ်သွားနိုင်တဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။

သူတို့ရဲ့ Po 4 player ဖြစ်သူ Velheor ဟာ MDL Chengdu major Closed Qualifier ယှဉ်ပြိုင်ပြီးတဲ့အချိန်မှာ အသင်းကထွက်သွားခဲ့တာကြောင့် ကစားသမားအသစ် ထပ်မံဖြည့်တင်းဖို့လိုအပ်ခဲ့ပါတယ်။

Po 5 player ဖြစ်သူ Vanskor ကလည်း Velheor ထွက်ခွာပြီး မကြာခင်မှာပဲ သူ့ရဲ့ twitter အကောင့်ကနေ အသင်းသစ်ရှာဖွေကြောင်း တင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းမှာ ကျန်ရှိနေတဲ့ God , 633 , illidan တို့ဟာလည်း လာမယ့်နိုဝင်ဘာလအတွင်းမှာ အသင်းရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းထပ်မတိုးတော့ဘူးလို့သိရပါတယ်။

ဒါ့ကြောင့် Old But Gold dota 2 team အနေနဲ့ သူတို့ရဲ့ အသင်းသား ငါးယောက်လုံးကို ဆုံးရှုံးရတော့မှာဖြစ်ပြီး အချိန်မှီ ကစားသမားသစ်တွေ အစားမထိုးနိုင်ခဲ့ရင်တော့ Disband ပြုလုပ်သွားနိုင်တဲ့ အခြေအနေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။