ပရိသတ်ကြီးရေ.. သရုပ်ဆောင်အောင်ဇော်မင်းရဲ့ သားလေး ကွယ်လွန်သွားပြီဆိုတဲ့ စိတ်မကောင်းစရာသတင်းလေးဟာ ပရိသတ်တွေနဲ့ အနုပညာရှင်တွေကို ဝမ်းနည်း စိတ်မကောင်းဖြစ်စေပါတယ်နော်..။
အသက်(၂၃)နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်အောင်ဇော်မင်းရဲ့သားလေး မောင်ကြယ်စင်သန့်ဟာ မွေးရာပါ ကြောသေရောဂါကို ခံစားနေရတာဖြစ်ပြီး အောက်တိုဘာ(၁၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်..။
ပရိသတ်တွေနဲ့ အနုပညာရှင်များစွာ စိတ်မကောင်းဖြစ်ကြသလို အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေတဲ့ ရဲမွန်ကလည်း အောင်မင်းဇော်ရဲ့ သားလေး ကွယ်လွန်သွားတဲ့ အကြောင်းအရင်းလေးကို ပရိသတ်တွေကို အသိပေးပြောပြလာခဲ့ပါတယ်နော်..။
ရဲမွန်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အောင်မင်းဇော်ရဲ့ သားလေးကွယ်လွန်သွားတဲ့အကြောင်းလေးကို ရေးသားထားပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း ရင်းနှီးသူတွေရဲ့ မေးမြန်းမှုလေးတွေကို ပြောပြထားသလို "ရေသောက်ပြီးဆုံးသွားတာ.." ဆိုပြီး ကွယ်လွန်ရတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်တာမို့ ပရိသတ်တွေကလည်း ဆုတောင်းစာကားလေးတွေဆိုကာ စိတ်မကောင်းဖြစ်နေကြပါတယ်နော်..။
သရုပ်ဆောင်အောင်မင်းဇော်ရဲ့ သားလေးမောင်ကြယ်စင်သန့်ရဲ့ နောက်ဆုံးဈာပနခရီးလေးကို ဒီကနေ့အောက်တိုဘာ(၂၁)ရက်နေ့မှာပဲ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်နော်..။
အောက်မင်းဇော်ရဲ့ သားလေး ကွယ်လွန်သွားတဲ့အတွက် ပရိသတ်တွေနဲ့ အနုပညာရှင်များကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြပါတယ်နော်..။
Photo Credit - Aung Zaw Min's Facebook ၊ Yel Mon's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။