ပရိသတ်ကြီးရေ ဒါရိုက်တာခရစ္စတီးနားခီနဲ့ မင်းသားချောဇာဏ်ခီတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာကိုရူးသွပ်ကြသူတွေဖြစ်လို့ သိသင့်သိထိုက်တဲ့ ပညာရပ်တွေကို လေ့လာသင်ကြားပြီး အကောင်းဆုံးရုပ်ရှင်ဇာတ်ကားကြီးတွေကို ဖန်တီးနေကြတာဖြစ်ပါတယ်။ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးခဲ့တဲ့ မုဒြာခေါ်သံ နဲ့ ဥပါယ်တံမျဉ် ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်နော်။

အခုဆိုရင်တော့ ဒါရိုက်တာခရစ္စတီးနားခီနောက်ထပ်ရိုက်ကူးခဲ့တဲ့ Now&Ever ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး သူမတူတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ လှပသောရိုက်ချက်တွေကြောင့် ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေပါတယ်နော်။ဒါရိုက်တာခရစ္စတီးနားခီတို့ တစ်ဖွဲ့လုံးကိုလည်း ချီးကျူးကြပြီး ဇာတ်ကားကြီးရုံတင်ရင်လည်း ရုံပြည့်ရုံလျှံအားပေးကြဦးမှာဖြစ်ပါတယ်။

Now&Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကိုတော့ ပါဝင်တဲ့သရုပ်ဆောင်များနဲ့ အနုပညာရှင်များက တက်ရောက်အားပေးခဲ့ကြပါတယ်နော်။ပိုင်ဖြိုးသုနဲ့ ဇာဏ်ခီတို့နှစ်ယောက်ကလည်း လက်ချင်းချိတ်ပြီး အတူတူပွဲတက်လာကြကာ ပြုံးပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။