မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ပြီးပြည့်စုံတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူလို့တောင် ဆိုနိုင်ပါတယ်။ ခေါင်းကနေခြေအဆုံး အပြစ်ဆိုဖွယ်မရှိအောင်လှနိုင်လွန်းတဲ့ အိန္ဒြာကျော်ဇင်က ကလေးနှစ်ယောက်မွေးပြီးတာတောင်မှ အပျိုလေးအတိုင်းလှနေဆဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုနှစ်ဆုပိုင်ရှင်လည်း ဖြစ်ပါတယ်။

Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay

အိန္ဒြာကျော်ဇင်က နေရာဒေသနဲ့ကိုက်ညီအောင် လိုက်ဖက်ညီတဲ့ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်လေ့ရှိပြီး သူမတူတဲ့ဖက်ရှင်တွေနဲ့ အမြဲထင်ပေါ်နေတတ်တာကြောင့် အားလုံးကဖက်ရှင်ဘုရင်မလေးလို့တောင် တင်စားထားရတာ ဖြစ်ပါတယ်။ အခုလည်း အိန္ဒြာကျော်ဇင်က " Myanmar’s Pride Awards press conference " ပွဲလေးကို ကျက်သရေရှိပြီး မြန်မာဆန်တဲ့ ရွှေဝါရောင်ဖက်ရှင်လေးနဲ့ ခမ်းနားလှပစွာ တက်ရောက်လာခဲ့ပါတယ်။

Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay

အိန္ဒြာကျော်ဇင်ရဲ့ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ ရွှေဝါရောင်ပွဲတက်ဖက်ရှင်လေးက အရမ်းကို လိုက်ဖက်တင့်တယ်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒြာကျော်ဇင်က ဂုဏ်ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးအဖြစ် လူအများအလယ်မှာ ပေါ်လွင်နေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ ခမ်းနားထည်ဝါတဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Eaindra Kyaw Zin's FB

Photo Credit-Li John Lay

Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay
Photo Credit-Li John Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။