မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ပုရိသတွေအားလုံးရဲ့နှလုံးသားကို လှုပ်ကိုင်နိုင်စွမ်းရှိသူလေးဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သင်ဇာက ချောမောလှပတဲ့ မျက်နှာလေးနဲ့အတူ စွဲမက်စရာကောင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာက Sexy ဆန်ဆန်ဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေအားလုံးရဲ့အာရုံကို ဖမ်းစားထားနိုင်တာလည်း ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

လက်ရှိမှာတော့ သင်ဇာဝင့်ကျော်တစ်ယောက် ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးပုံဖော်တဲ့ " မြမြ " ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တစ်နေ့တစ်မျိုး မရိုးနိုင်တဲ့ပွဲတက်ဖက်ရှင်တွေနဲ့ အရမ်းလန်းနေတတ်တဲ့ သင်ဇာက အခုရက်ပိုင်းမှာ အမိုက်စားပုံလေးတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက အထာကျကျလေး vape သောက်ပြထားတဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဒီဗီဒီယိုလေးမှာတော့ စတိုင်အပြည့်နဲ့ Vape သောက်ပြနေတဲ့ သင်ဇာဝင့်ကျော်ရဲ့အမူအရာလေးတွေကလည်း အရမ်းကို ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ်။ သင်ဇာက အခန်းထဲမှာ Vape သောက်ရင်း အေးအေးဆေးဆေး Chill နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အထာကျကျ Vape သောက်ပြထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thin Zar Wint Kyaw's FB

Photo Credit-Thin Zar Wint Kyaw's FB
Photo Credit-Thin Zar Wint Kyaw's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။