နည်းပြချုပ်သစ် အန်တွမ်နီဟေး နှင့်အဖွဲ့ဟာ ယနေ့ ညနေ (၆)နာရီမှ စတင်၍ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုတွင် ထိုင်းနိုင်ငံသို့ သွားရောက်ကစားနေသည့် ကစားသမားများမှ လွဲ၍ ကျန်ကစားသမားများ စုံလင်စွာဖြင့် လေ့ကျင့်မှု စတင်နိုင်ခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

အန်တွမ်နီဟေးက" မြန်မာ့ လက်ရွေးစင် အသင်းအတွက် ကျွန်တော့်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးတဲ့ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပြန်လာရတာ တကယ်ပဲ ပျော်ရွှင်မိပါတယ်။ မြန်မာ့ ဘောလုံးလောကနဲ့ ခုချိန်ထိ တစ်သားတည်း ဖြစ်နေသလိုပါပဲ။ ဒါကြောင့်လည်း လိုအပ်လို့ ခေါ်ယူတဲ့ အချိန်မှာ မဆိုင်းမတွဘဲ လက်ခံခဲ့တာပါ။ လက်ရှိ ပဏာမ ကစားသမား စာရင်းကနေ တဖြည်းဖြည်း လျှော့ချ သင့်သလောက် လျှော့ချအပြီးမှာ တောင့်တင်းတဲ့ အစုအဖွဲ့တစ်ခုကို တဖြည်းဖြည်း တည်ဆောက်သွားဖို့ ရှိပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

သွင်းဂိုးမရှိ၊ ရမှတ်မရှိ၊ သုည ဆိုတဲ့ အနေအထား ကနေစတင် ရမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ အာရုံစူးစိုက်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုပါတယ်။ မန္တလာသီရိ ကွင်းမှာ အရင်က ဆူဇူကီးဖလား ကစားခဲ့သလို ပရိသတ် အပြည့်နဲ့ အားပေးနေမယ်လို့ မျှော်လင့်ထားပါတယ်။ သုညကနေ စရမယ့် အသင်း အနေနဲ့ အားပေးမှု ရှိမှသာ ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို ရောက်နိုင်မှာပါ။" ဟု ဖြေကြားသွားခဲ့သည်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။