ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ သက်မွန်မြင့်နဲ့ခင်လေးနွယ်တို့နှစ်ယောက်ကတော့ အနုပညာလောကထဲကို ဟိုးအရင်ကတည်းကဝင်ရောက်လာခဲ့ပြီး ခင်မင်ရင်းနှီးခဲ့ကြတဲ့ BFFသူငယ်ချင်းတွေဖြစ်ကြပါတယ်နော်။BFF သူငယ်ချင်းတွေထဲမှာ တစ်ခြားအနုပညာရှင်တွေလည်းပါဝင်ပြီး ချစ်သက်တို့သူငယ်ချင်းတစ်စုက အေးအတူပူအမျှနဲ့ အပြန်အလှန်ဖေးမကူညီပြီး ညီအစ်မအရင်းတွေလို ချစ်ကြတာဖြစ်ပါတယ်။

Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook

ခင်လေးနွယ်တို့သူငယ်ချင်းတစ်စုက ခရီးတွေဆိုလည်း ပျော်ပျော်ပါးပါးနဲ့သွားကြပြီး အမြဲလွတ်လပ်ပေါ့ပါးစွာနဲ့နေထိုင်နေကြတာပါနော်။အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ပရိသတ်တွေရဲ့မေတ္တာကိုခံယူကာ အနုပညာလောကထဲမှာ ရပ်တည်နေကြဆဲပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ချစ်သက်နဲ့ခင်လေးနွယ်တို့သူငယ်ချင်းနှစ်ယောက်က GYM အတူတူဆော့နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook

ချစ်သက်နဲ့ခင်လေးနွယ်တို့နှစ်ယောက်ကတော့ ကျန်းမာရေးနဲ့အလှအပကိုလည်း သေချာဂရုစိုက်ကြတာကြောင့် ကြိုးစားပမ်းစားနဲ့ GYM ကစားနေကြပြီး လက်ဝှေ့အိတ်ကြီးကို အပြင်းအထန်ကန်နေကြကာ ချွေးသံတရွှဲရွှဲထွက်နေကြတာဖြစ်ပါတယ်။GYM ဆော့ပြီးချိန်မှာတော့ သူငယ်ချင်းတွေ စနောက်ပြီး SELFIE ဆွဲနေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook
Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook

Photo Credit:Khin Lay Nwe&Thet Mon Myint's Facebook

video credit:Khin Lay Nwe's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။