ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ဖြစ်ပြီး သုသုလို့ ချစ်စနိုးခေါ်ဝေါ်ရတဲ့ အကယ်ဒမီပိုင်ဖြိုးသုဟာဆိုရင် အနုပညာကို ရူးသွပ်သူဖြစ်လို့ ဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ချစ်ရတဲ့ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း အနုပညာကိုရူးသွပ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်အရမ်းညီပါတယ်နော်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

လက်တလောမှာတော့ ပိုင်ဖြိုးသုပါဝင်သရုပ်ဆောင်ထားတဲ့ NOW AND EVER ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး ရုံမတင်ခင် ဇာတ်လမ်းနမူနာနဲ့တင် အောင်မြင်နေပြီဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားပါနော်။ဇာတ်ကားထဲမှာဆိုရင် ပိုင်ဖြိုးသုရဲ့အပြင်အဆင်လေးက ရိုးရိုးရှင်းရှင်းနဲ့ အရမ်းချစ်စရာကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်သွားနိုင်ပါတယ်နော်။

Photo Credit:Myanmarload TV
Photo Credit:Myanmarload TV

NOW AND EVER ရဲ့ Red Carpet Show ပွဲကိုလည်း ပိုင်ဖြိုးသုက အနုပညာမောင်နှမတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်တက်ရောက်ခဲ့ပါတယ်။တရုတ်စကားပန်းလေးတစ်ပွင့်ကို နားလေးမှာညှပ်ပြီးပန်ထားကာ အဝါရောင်ဂါဝန်လေးနဲ့ မင်းသမီးလေးလိုလှပပြီးချစ်စရာကောင်းနေတဲ့ သုသုရဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

Photo Credit:RBV

Source:Paing Phyo Thu's Page

Photo Credit:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။