ပရိသတ်ကြီးရေ အဆိုတော်အာဇာနည်ကတော့ သားနှစ်ယောက်ကိုပိုင်ဆိုင်ထားကာ ချစ်ဇနီးချောလေးကလည်း ဇနီးမယားဝတ္တရားငါးပါးကိုကျေပြွန်တဲ့အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်လို့ သာယာတဲ့မိသားစုလေးမှာ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာပဲဖြစ်ပါတယ်။အာဇာနည်ကလည်း ချစ်ဇနီးနဲ့သားနှစ်ယောက်အပေါ်ကို အချိန်ပေးပြီး လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။

Photo Credit:Phit Phit Chit Chit's Page
Photo Credit:Phit Phit Chit Chit's Page
Photo Credit:Phit Phit Chit Chit's Page

အာဇာနည်က အခုချိန်ထိလည်း တေးသီချင်းပေါင်းများစွာကို ဆက်လက်ဖန်တီးနေပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးဝန်းရံနေကြဆဲဖြစ်ပါတယ်။အာဇာနည်ရဲ့ အရင်တုန်းကသီချင်းလေးတွေကလည်း ယနေ့ထိတိုင်နားထောင်လို့ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေကြားမှာ ဘယ်တော့မှပျောက်ကွယ်မသွားတဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်နော်။

Photo Credit:Phit Phit Chit Chit's Page
Photo Credit:Phit Phit Chit Chit's Page

ပရိသတ်တွေက အာဇာနည်ကိုအားပေးချစ်ခင်ရုံတင်မက သူ့ရဲ့မိသားစုကိုပါချစ်ကြပါတယ်နော်။အာဇာနည်ရဲ့သားလေးနှစ်ယောက်ကလည်း လိမ္မာသိတတ်ပြီးထူးချွန်ထက်မြက်ကြကာ လူချစ်လူခင်ပေါကြပါတယ်။အခုဆိုရင်လည်း သားငယ်လေးချစ်ချစ်တုန်က ၃နှစ်နီးပါးရှိနေပြီဖြစ်ပြီး စကားလေးတွေတီတီတာတာပြောကာ ချစ်စရာကောင်းနေတဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phit Phit Chit Chit's Page
Photo Credit:Phit Phit Chit Chit's Page
Photo Credit:Phit Phit Chit Chit's Page

Photo Credit:Phit Phit Chit Chit's Page

Video Credit:Phit Phit Chit Chit's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။