ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားပြီး အနုပညာအလုပ်တွေနည်းပါးသွားပေမယ့် ယနေ့အချိန်ထိ ပြည်သူပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ပဲ ဖြစ်ပါတယ်..။

မြတ်နိုးရတဲ့ မိသားစုရဲ့ ချစ်ခြင်းမေတ္တာတွေအပြင် ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အောင်မြင်မှုတွေ ရရှိထားသလို ပျော်ရွှင်စရာ မိသားစုပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲကြည်နူးအားကျစေပါတယ်နော်..။


Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

အခုတစ်ခါမှာလည်း စမိုင်းလ်တစ်ယောက် ချစ်ခင်ပွန်းရဲ့အသက်(၃၈)နှစ်ပြည့် မွေးနေ့လေးအတွက် ဒေါ်လာကိတ်ကြီးနဲ့ အိမ်မှာပဲ မိသားစုတွေနဲ့အတူ အမိုက်စား မွေးနေ့ Surprise လုပ်ပေးခဲ့ပြန်ပါတယ်နော်..။

အိမ်မှာ အမိုက်စားပြင်ဆင်ပြီး မိသားစုလေးယောက်စုံစုံညီညီ ညစာစားရင်း မွေးနေ့ Surprise လုပ်ပေးခဲ့တာဖြစ်ပြီး ပျော်ရွှင်မှုလေးတွေကိုယ်စီနဲ့ ကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။


Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့လေးမှာ အနားမှာ အတူရှိနေပေးရင်း မွေးနေ့အကြိုအလှူတွေကိုလည်း မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူပြုလုပ်ခဲ့ကြတာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ခင်ပွန်းတဲ့ စမိုင်းလ်ရဲ့ မွေးနေ့ Surprise ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

Photo Credit - စမိုင်းလ် Smile’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။