မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းဟာဆိုရင် အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့ဘဲ မိသားစုကိုသာအချိန်ပေးပြီး နောက်ထပ်သမီးလေးတစ်ယောက်ကို ထပ်ပြီးမွေးဖွားတော့မှာဖြစ်ပါတယ်။ပရိသတ်တွေကတော့ သဉ္ဇာနွယ်ဝင်းရဲ့ သားကြီးလေးကိုလည်း ချစ်ကြပြီး Peach Lay ကလည်း မျက်နှာဝိုင်းဝိုင်းလေးနဲ့ အမေနဲ့တူပြီးအရမ်းချစ်ဖို့ကောင်းတာကြောင့် လူချစ်လူခင်ပေါများတဲ့ကလေးလေးပါနော်။

photo credit:peach lay's facebook
photo credit:peach lay's facebook
photo credit:peach lay's facebook

သဉ္ဇာနွယ်ဝင်းကတော့ ကလေးတစ်ယောက်မွေးဖွားထားပြီး နောက်ထပ်ကိုယ်ဝန်ဆောင်ထားတာတောင် လှပပျိုမျစ်နေကာ အရမ်းချစ်စရာကောင်းနေဆဲဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သားအပေါ်ကိုဂရုစိုက်ပေးပြီး သမီးလေးမွေးဖွားဖို့အတွက်လည်း အစစအရာရာအကုန်လုံးကိုသေချာပြင်ဆင်နေတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းကတော့ သမီးလေးအတွက် အိပ်ရာတွေကအစလှလှပပလေးပြင်ဆင်ပေးထားတာပါနော်။

photo credit:peach lay's facebook
photo credit:peach lay's facebook
photo credit:peach lay's facebook

သဉ္ဇာနွယ်ဝင်းရဲ့ ချစ်ခင်ပွန်းကတော့ အချိန်ရရင်ရသလို သားလေးကိုကူထိန်းပေးပြီး မိန်းမကိုလည်း ပြုစုယုယပေးနေတာဖြစ်လို့ အခုဆိုရင်လည်း သားလေးကိုပွေ့ချီထားပြီး တီဗွီအတူတူထိုင်ကြည့်နေကြတာဖြစ်ပါတယ်။Peach lay ကတော့ ဖေဖေ့ပေါ်မှာထိုင်ပြီး ဖေဖေနဲ့တစ်ပုံစံတည်းတူအောင်လုပ်ပြကာ တီဗွီကို စတိုင်လ်နဲ့ကြည့်နေကြတဲ့ သားအဖနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

photo credit:peach lay's facebook
photo credit:peach lay's facebook
photo credit:peach lay's facebook

photo credit:peach lay's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။