ဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေကြားမှာ လူကြိုက်များအောင်မြင်လာခဲ့သူလေးကတော့ မင်းသမီးချောလေး ခြူးလေးပဲ ဖြစ်ပါတယ်။ ကလေးဆန်ဆန်မျက်နှာလေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ခြူးလေးက အမြဲတမ်းသွက်သွက်လက်လက်နဲ့ စကားပြောဆိုလေ့ရှိတာ ဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ သူမရဲ့ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေကလည်း အသည်းတယားယားနဲ့ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB

ခြူးလေးက Tik Tok ကစားရတာ ဝါသနာပါသလို သူမရဲ့ Tik Tok ဗီဒီယိုလေးတွေကလည်း ပရိသတ်တွေရဲ့အားပေးနှစ်သက်မှုကို အပြည့်အဝရရှိထားပါတယ်။ ဒါကြောင့်လည်း ခြူးလေးက မကြာခဏဆိုသလို ဟာသဗီဒီယိုဖိုင်တွေနဲ့ အကဗီဒီယိုဖိုင်လေးတွေကို တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက နာမည်ကြီးနေတဲ့ သမီးလေးကိကိရဲ့အသံလေးနဲ့ ချစ်စရာကောင်းအောင် သရုပ်ဆောင်ပြခဲ့ပါတယ်။

Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB
Photo Credit- Chue Chue's FB

အိုက်တင်အမူအရာအပြည့်နဲ့ သရုပ်ဆောင်ပြထားတဲ့ ခြူးလေးရဲ့ဗီဒီယိုလေးကတော့ ကြည့်ရှုသူပရိသတ်တွေ များပြားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဟာသဇာတ်ဝင်ခန်းတစ်ခုကိုလည်း ခြူးလေးက အပီအပြင် သရုပ်ဆောင်ပြပြီး Tik Tok ကစားခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ချစ်စရာကောင်းတဲ့ Tik Tok ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Chue Chue's FB

Video Credit- Chue Lay's Tik Tok 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။