မိမိသိလိုသမျှကို အလွယ်တကူရှာဖွေနိုင်တဲ့ Google ဟာ ယနေ့ခေတ်မှာ အတော်လေးကို အသုံးဝင်လှပါတယ်။ အခုမြင်တွေ့နေရတာကတော့ Google ရဲ့ အချက် အလက်တွေ ထိမ်းချုပ်တဲ့ နေရာတစ်ခုဖြစ်ပြီး တာင်/မြောက် အမေရိကတိုက် l အာရှ နှင့် ဥရော ပဒေသ တွေမှာ တည်ဆောက်ထားကာ တစ်နှစ်ပတ်လုံး နေ့ရော ညပါ မနားမနေ အလုပ်လုပ်နေတဲ့ Data control centre တစ်ခု၏ပုံ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်ပင်ပေါင်းများစွာထဲမှာမှ Hemlock Water Dropwort ဆိုတဲ့ အပင်ဟာ အတော်လေးကို အဆိပ်ရှိတဲ့ အပင်ဖြစ်ပါတယ်။ ဒီအပင်ရဲ့ အဆိပ်ဟာ အတော်လေးကို ထူးခြားပြီး အဆိပ်သင့်ကာ သေဆုံးသူရဲ့ မျက်နှာ ဟာလည်း ပြုံးပြီးသေဆုံး တတ်ပါတယ်။ ဂရိအတွေးအခေါ်ပညာရှင် Socrates သည် 399BC တွင် ဤ အပင်ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ဒီအပင်ကို စားမိလျင် ၃ နာရီအတွင်း ဂယောင်ခြောက်ခြား များပြောဆိုပြီး သေဆုံးတတ်တာပဲ ဖြစ်ပါတယ်။

Photo Credit : Once A Glance Page

သင့်လက်ကို ရေထဲမှာ ကြာရှည် စွာ စိမ်ထားလျင် ပဲကြီး အရေခွံ လို့ တွန့်သွားတာ မြင်ကြဖူးမယ် ထင်ပါတယ်။ ဒါကို သမာရိုးကျ ကြည့်မယ်ဆိုရင်တော့ လူ့ အရေခွံဟာ ရေကို စုပ်ယူပြီး ရေတွေ ဝင်သွား လို့ လက်အရည်ခွံ တွန့်သွားသည်ဟု ထင်ရပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ လက်အရည်ခွံဟာ ရေထဲမှာ တစ်ခုခုကို မြဲမြံ စွာ ဆုပ်ကိုင်ထားနိုင်စေရန်ဦးနှောက်မှ စေခိုင်းလိုက်သည့် စေခိုင်းချက်ကြောင့် ဖြစ်ပြီး အခုလိုမျိုးကို evolutionary trait လို့ခေါ်ပါတယ်။

Photo Credit : Once A Glance Page

Source : Once A Glance Page

Photo Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။