ပရိသတ်တွေသာမကပဲ အနုပညာရှင်အသိုင်းအဝိုင်းကပါ ချစ်မဝဖြစ်နေရသူကတော့ မော်ဒယ် ယွန်းဝတီလွင်မိုးရဲ့သားလေး လွင်ထက်(ခ) Liam လေးပါ။ သားလေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုစကားတတ်လာပြီး အားလုံးရဲ့အချစ်တွေကိုအမြဲရရှိထားတာပါ။ သူ့ရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေဟာလည်း အားလုံးကိုအသည်းယားစေတာပါ။  

Photo Credit - May Thu’s Facebook
Photo Credit - May Thu’s Facebook
Photo Credit - May Thu’s Facebook

သားလေးဟာ အခုခါမှာ လမ်းလေးတွေလည်းလျှောက်တတ်နေပြီပဲဖြစ်ပြီး အင်္ဂလိပ်အက္ခရာအချို့ကိုတောင်ဆိုပြတတ်နေပါပြီ။ သားလေးကိုတော့ မိဘများက ပြည်ပတွင် ပညာသွားရောက်သင်ကြားနေရတဲ့အတွက် အဖိုးနဲ့အဖွားဖြစ်တဲ့ လွင်မိုးနဲ့မေသူတို့က ပြုစုစောင့်ရှောက်ထားတာပါ။ မြေးလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း ဖိုးဖိုး၊ဖွားဖွားရဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ဝေမျှလေ့ရှိတာပါ။ 

Photo Credit - May Thu’s Facebook
Photo Credit - May Thu’s Facebook
Photo Credit - May Thu’s Facebook

အခုတစ်ခါမှာလည်း တီတီတွေရဲ့လက်ပေါ်မှာနေပြီး စကားလေးတွေတီတီတာတာလေးတွေပြောနေတဲ့ လီလီလုံးလေးရဲ့ Video လေးကို ဖွားဖွားမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ သားလေးဟာ အသက်ငယ်ရွယ်သော်လည်း လူချစ်လူခင်ပေါများမှုတွေကတော့ အံ့အားသင့်စရာကောင်းလှတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- May Thu’s Facebook

Photo Credit - May Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။