ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမယ်လိုဒီကတော့ သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ မယ်လိုဒီက ဇာတ်ကားတွေမရိုက်တော့ဘဲ ကြော်ငြာတွေကိုသာလက်ခံရိုက်ကူးပြီး ပွဲတွေကိုသာတက်ရောက်နေတာပါ။မယ်လိုဒီရဲ့တစ်ဦးတည်းသောသားလေးကလည်း လိမ္မာရေးခြားရှိပြီး မိဘစကားကိုနားထောင်တဲ့အပြင် စိတ်ထားလေးလည်းဖြူစင်လို့ လူချစ်လူခင်ပေါများတဲ့ကလေးလေးပါ။အခုဆိုရင်တော့ မယ်လိုဒီက သားလေးနဲ့ပက်သက်ပြီး မိဘမေတ္တာကိုအောက်ပါအတိုင်းရေးဖွဲ့ထားပါတယ်နော်။

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

မေမေ့အချစ်ကလေးကြီးလာရင် ဘာလုပ်မှာလဲမေးတာ ဆရာဝန်လုပ်မှာတဲ့ ဘုန်းကြီးရောဝတ်မှာလား မေးတော့ ဝတ်မယ်တဲ့ ဘယ်လောက်ကြာကြာဝတ်မှာလဲမေးတော့ ခဏတဲ့ ကြော်ငြာတွေ မေမေ လက်ခံရမှာလား သားရိုက်မှာလား မရိုက်ဘူးလား မေးတော့ ရိုက်မယ်လက်ခံပါတဲ့ မိဘနေရာရောက်တော့ သားသမီးအလိုမတူရင် ကြော်ငြာတောင် လက်မခံရဲဘူး သားရဲ့သဘောထား လေးစားသမူ့နဲ့မေးရသေးတယ်(ဒါတောင် ၄နှစ်ကျော်လေးဘဲရှိသေးတာ)မေမေကတော့ သားလေး သားလေးကို သာသနာ့ဘောင်ထဲမှာ နေစေချင်တဲ့ရည်ရွယ်ချက်ကတော့ ဘယ်တော့မှမပျောက်သွားပါဘူး ဒါပေမယ့် သားဖြစ်ချင်တာကိုဘဲ အကောင်းဆုံး ပံ့ပိုးသွားမှာပါ

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

မေမေရဲ့ချစ်ခြင်းမေတ္တာက သားလေးအတွက် အပူမီးမဖြစ်စေရအောင် ချစ်ပါမယ် သားလေး ချစ်ရတဲ့သူရှိလာရင်လည်း မေမေအချစ်ကြောင့် သားချစ်ရတဲ့သူလည်းမေမေ့ကြောင့်မပူလောင်စေရပါဘူးမေမေ ပေးနိုင်တာ ချစ်ခြင်းမေတ္တာသားလေး ပြန်ပေးရမှာက အသိပညာ အတတ်ပညာပြည့်စုံတဲ့အမျိုးကောင်းသားလေးလူပီသကိုယ်ချင်းစာတရားရှိတဲ့ ယောက်ျားကောင်းအဖြစ်ရှိပေးရမှာ သားကိုချစ်ခင်သူတိုင်း သားနဲ့ပတ်သက်မိသူတိုင်းစိတ်ချမ်းသာကြပါစေကောင်းမွန်သောအရာတွေသာဝေမျှနိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေမေမေရေးတဲ့စာတွေ သားလေးတနေ့ပြန်ဖတ်ပြီး ကြည်နူးစွာပြုံးနိုင်ပါစေ"ဆိုပြီး ရေးသားမျှဝေလာပါတယ်နော်။

Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page
Photo Credit:Actress Melody's Page

Photo Credit:Actress Melody's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။