ရုရှနိုင်ငံမှ ငရဲမုခ်၀ မြို့တော်ဟု ထင်ရှားသည့် နေရာသည် ကျင်းနက်ကြီးတစ်ခုဖြစ်သော်လည်း ရှေးခေတ် တစ်ချိန်ချိန်က ဥက္ကာပျံ ကြွေကျ၍ ကမ္ဘာမြေပြင်နှင့် တိုက်ခိုက်မိခဲ့သော နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ရုရှနိုင်ငံ၊ ဆိုက်ဘေးရီးယားရှိ မထင်ရှားသော Mirny မြို့ တွင်တည်ရှိကာ အသုံး မပြုဘဲ စွန့်ပစ်ထားခဲ့သည့် စိန်တွင်း ဟောင်း ကြီးကို အာကာသ မှ မြင်နိုင်သည်ဟု ဆိုပြီး အာကာသ ယာဉ်မှူးများက ပြောပြခဲ့ကြပါတယ်။ ရုရှတို့သည် စိန်သတ္ထုသိုက်ကြီးကို ၁၉၅၀ ပြည့်နှစ်များတွင်တွေ့ရှိခဲ့ကာ အေးခဲနေသည့် ရေခဲပြင်ကိုဖောက်၍ စိန်များရှိ သည့် တွင်းကြီးကိုရှာဖွေခဲ့ပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ဂျက်အင်ဂျင်များ၊ပေါက်ကွဲပစ္စည်းများသုံးကာ ရှာဖွေဖွင့်ဖောက်ခဲ့သည့် စိန်တွင်းကြီးကို နောက်ထပ် နှစ် ၄၀ ကြာ တူးဖော် ခဲ့ကြပါတယ်။ တွင်းကြီးက အလွန်ကျယ်ဝန်းသဖြင့် ရဟတ်ယာဉ်များ ဖြတ်သန်း၍မပျံသန်းနိုင်ဟုဆိုကြပြီး တွင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသည့် ရဟတ်ယာဉ်များသည် တွင်းအတွင်းသို့ ဆွဲအားတစ်ခုကြောင့် ပျက်ကျလေ့ရှိကြောင်း လည်း သိရပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

အဆိုပါ ကြီးမားသောတွင်းကြီး ပတ်လည်တွင် ထူးခြားသော မြို့ကြီးတစ်ခုကို တည်ထားခဲ့ကြပြီး တွင်းကြီးကို တူးဖော်နေစဉ် အလုပ်သမားများ အားနေရာချထားရန် တည်ထောင်ခဲ့ကြပါတယ်။ စိန်တွင်းမှ ထွက်ရှိခဲ့သည့် စိန်များ ကိုမော်စကိုမြို့သို့ တင်ပို့ရောင်းချခဲ့ပြီး သတ္ထုတွင်းကို ၂၀၀၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရာ မြို့ကြီးက ဟောင်းလောင်းကျန်နေခဲ့ပါတယ်။ ယခုအခါတွင် Mir စိန်တွင်း ဟောင်း ကြီးကို စစ်အေးကာလလွန် သမိုင်းဝင် အမှတ်လက္ခဏာ တစ်ရပ်ဟု ခေါ်ဆိုလျက်ရှိကြပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာရှေးဟောင်း သုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။