photo credti - Navi favebook page

Dota 2 Legendary အသင်းတစ်သင်းဖြစ်တဲ့ Natus Vincere အသင်းကတော့ သူတို့ရဲ့ roster အပြောင်းအလဲတစ်ခုကိုကြေညာခဲ့ပါတယ်။

သူတို့ကြေညာခဲ့တဲ့ roster အပြောင်းအလဲကတော့ အသင်းရဲ့ captain ဖြစ်သူ SoNNeikO ဟာ အသင်းကနေ ခနအနားယူသွားခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

ဒါပေမယ့် SoNNeikO ရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးသွားမယ်ဆိုတာကိုတော့ အခုချိန်ထိကြေညာခြင်းမရှိသေးပါဘူး။

Navi အသင်းအနေနဲ့လည်း Ti 9 အပြီးမှာ အသင်းရဲ့ po 3 ကစားသမား Blizzy ရဲ့နေရာမှာ Vp ကနေပြောင်းရွှေ့လာတဲ့ 9pasha ကိုအစားထိုးပြီး အသင်းကိုပိုမိုကောင်းမွန်အောင် တည်ဆောက်ခဲ့ပေမယ့် အခုချိန်ထိတော့ ကြီးကြီးမားမားကောင်းမွန်လာတာမျိုးမတွေ့ရသေးပါဘူး။

အခုလက်ရှိမှာဆိုရင်လည်း SoNNeikO အနားယူသွားတာကြောင့် ကျန်ရှိနေတဲ့

Crystallize

Magical

9pasha

Zayac တို့နဲ့အတူကစားဖို့အတွက် နောက်ထပ်ဘယ် player သစ်တစ်ယောက်ကို ခေါ်ယူသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။