ပရိသတ်ကြီးရေ အကယ်ဒမီလူမင်းကတော့ သားတစ်ယောက်သမီးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီးပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။လူမင်းရဲ့ချစ်ဇနီးချော ခင်စံပယ်ဦးကလည်း ခင်ပွန်းနဲ့သားသမီးတွေကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး အိမ်ထောင်ရှင်မကောင်းပီသလို့ လူမင်းရဲ့မိသားစုလေးက အမြဲစိုစိုပြေပြေနဲ့ပျော်စရာကြီးပါနော်။

Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook

လူမင်းကတော့ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အနုပညာတွေကိုဖန်တီးနေတာဖြစ်ပါတယ်။လက်တလောမှာလည်း အောင်ဆန်းရုပ်ရှင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး အကောင်းဆုံးဖန်တီးနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ လူမင်းဖန်တီးနေတဲ့ အာင်ဆန်းရုပ်ရှင်ကို စောင့်မျှော်ပြီးရုံတင်ရင်အားပေးကြဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook

လူမင်းရဲ့သားသမီးနှစ်ယောက်ကလည်းထူးချွန်ထက်မြက်ပြီး အရမ်းတော်ကြတဲ့ကလေးလေးတွေဖြစ်ပါတယ်။အခုဆိုရင်လည်း လူမင်းရဲ့သမီးကြီးလေး ဧရာဝတီလူမင်းက Open House ကျောင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ဧရာဝတီလေးကတော့ မိဘတွေရဲ့တိုက်တွန်းမှုမပါဘဲသူ့စိတ်ကြိုက်ရွေးချယ်ထားကာ သေသေချာချာလေးလုပ်ဆောင်ခဲ့လို့ မိဘတွေအတွက်ဂုဏ်ယူခဲ့ရပါတယ်နော်။

Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook
Photo Credit:Ayarwady Lu Min's Facebook

Photo Credit:Ayarwady Lu Min's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။