သရုပ်ဆောင် မင်းသားကြီး ခင်လှိုင်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ်။ သဇင်ထူးမြင့်လို့ အမည်ပေးထားတဲ့ ခင်လှိုင်ရဲ့သမီးချောလေးက အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ သဇင်ထူးမြင့်က ဖြူဖွေးဝင်းမွတ်တဲ့အသားအရေလေးနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကြောင့် ပရိသတ်တွေက အားပေးဝန်းရံနေရတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးလာရသလို "ဆုံစည်းခွင့် " ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာလည်း သရုပ်ဆောင်အဖြစ် ပါဝင်နေရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ (၂၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ " OPPOReno2 | 2F Launch Event " ပွဲလေးကိုလည်း သဇင်ထူးမြင့်က တက်ရောက်ခဲ့ရပါတယ်။ ဒီပွဲလေးမှာတော့ သဇင်ထူးမြင့်က လိမ္မော်ရောင်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေခဲ့တာ ဖြစ်ပါတယ်။

ပန်းပွင့်လေးပမာ အစွမ်းကုန်ဖူးပွင့်လှပနေတဲ့ သဇင်ထူးမြင့်ကတော့ ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ပြုံးလိုက်တိုင်း အသည်းကြွေသွားလောက်အောင် လှနေတဲ့ သဇင်ထူးမြင့်လေးကို ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရပြီပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " OPPOReno2 | 2F Launch Event " ပွဲလေးကိုတက်ရောက်လာတဲ့ သဇင်ထူးမြင့်ရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။