အာဆီယံ ယူ-၁၅ အမျိုးသမီး ပြိုင်ပွဲ ဒုတိယပွဲစဉ်မှာတော့ မြန်မာယူ-၁၅ အမျိုးသမီး အသင်းဟာ ထိုင်းအသင်းကို၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ထိုင်းအသင်းဟာ ပွဲစတာနဲ့ မြန်မာ အသင်းဘက်ကို ဖိအားပေးက စားခဲ့ပြီး မြန်မာအသင်းကတော့ ထိုင်းအသင်း ဘက်ကို တန်ပြန်တိုက် စစ်တွေနဲ့သာ ကစားခဲ့ရတာပါ။ 

ထိုင်းအသင်းရဲ့ အနိုင်ဂိုးကို ပွဲချိန် ၁၈ မိနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။မြန်မာအသင်းရဲ့ ဝေးကန်ချက်တွေ တိုင်ထိထွက်ခဲ့ရသလို ထိုင်းအသင်းရဲ့ ကန်ချက်အချို့ဟာလည်း တိုင်ထိထွက်ခဲ့တာကြောင့် ပွဲအပြီး မှာတော့ ထိုင်းအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာအသင်းဟာ မေလ ၁၂ ရက်နေ့မှာ ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရဦးမှာပါ။

Source: MFF

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။