ပါးလေးဖောင်းဖောင်းလေးနဲ့ ပရိသတ်တွေသာမကဘဲ အနုပညာရှင်တိုင်းကပါ ချစ်မဝဖြစ်နေရသူကတော့ မော်ဒယ် ယွန်းဝတီလွင်မိုးရဲ့ တစ်ဦးတည်းသော သားရတနာလေး လွင်ထက်(ခ) Liam လေးပါ။ သားလေးဟာ အသက်ငယ်ငယ်လေးနဲ့ မေမေနဲ့အတူ ကြော်ငြာလေးတွေပါ ရိုက်ကူးနေရတာပါ။ သားလေးရဲ့ လှုပ်ရှားမှုတိုင်းဟာ လူတိုင်းရဲ့ရင်ထဲကို အသည်းယားစေပြီး မချစ်ပဲမနေနိုင်အောင်ကို ဖြစ်ရတာပါ။  

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

သားလေးဟာ ဖိုးဖိုး၊ဖွားဖွားတွေနဲ့လည်း မကြာခဏခရီးတွေထွက်လေ့ရှိတာပါ။ လီလီလုံးလေးရဲ့ ခရီးသွားပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုလည်း ဖွားဖွားမေသူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်ကြီးကို ဝေမျှလေ့ရှိတာပါ။ လတ်တလောမှာလည်း ညောင်ရွှေမြို့ကို ကထိန်ခင်းရန် ဖိုးဖိုး၊ဖွားဖွားတွေနဲ့အတူ ရောက်ရှိနေတာပါ။  

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook

အခုတစ်ခါမှာလည်း တီတီစိုးမြတ်နန္ဒာရဲ့ instagram လူမှုကွန်ယက်မှာ လီလီလုံးလေးနဲ့ပုံလေးတစ်ပုံ တင်ထားတာပါ။ လီလီလုံးလေးကတော့ တီတီစိုးမြတ်နန္ဒာဓာတ်ပုံရိုက်နေတာလေးကို မျက်လုံးပြူးပြူးလေးနဲ့ လိုက်ကြည့်နေတာပါ။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Soe Myat Nandae's Instagram And May Thu's Facebook 

Photo Credit - May Thu's Facebook
Photo Credit - May Thu's Facebook
Photo Credit - Soe Myat Nandae's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။