ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက်အရမ်းကို ချစ်ကြပြီး ပရိသတ်တွေကပါ အားကျနေရတဲ့ စုံတွဲလေးကတော့ ဖြိုးလေးနဲ့ဝါဆိုမိုးဦးတို့အတွဲလေးပါ။ သူတို့စုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲမခွဲအတူရှိတတ်ကြပြီး ခရီးတွေလည်း မကြာခဏထွက်လေ့ရှိတာပါ။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အတူတကွ လုပ်ကိုင်နေကြတာပါ။  

Photo Credit - Phyo Layy's Facebook
Photo Credit - Phyo Layy's Facebook
Photo Credit - Phyo Layy's Facebook

အတွဲပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မကြာခဏတင်ပေးလေ့ရှိတာပါ။ သူတို့ရဲ့အတွဲပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။ လတ်တလောမှာလည်း ဝါဆိုတစ်ယောက် တောင်ကြီးကို ပွဲအခမ်းအနားတစ်ခုဖွင့်လှစ်ရန် သွားရောက်ခဲ့တာပါ။  

Photo Credit - Phyo Layy's Facebook
Photo Credit - Phyo Layy's Facebook
Photo Credit - Phyo Layy's Facebook

ဖြိုးလေးကတော့ သူ့ရဲ့Facebook Myday မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ စိတ်ကောက်နေတဲ့ချစ်သူလေးကို လေဆိပ်ထိသွားကြိုကာ ပန်းစည်းလက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက် ပေးလိုက်ပါတယ်။

Source - Phyo Layy's Facebook Myday

Photo Credit - Phyo Layy's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။