ပရိသတ်ကြီးကို အခုတစ်ခါမှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးတော့ ကမ္ဘာ့အစောဆုံး မံမီ အကြောင်းပဲ ဖြစ်ပါတယ်။ ၁၈၈၁ ခုနှစ်တွင် ၊ အီဂျစ်နိုင်ငံ Thebes ရှိ ဘုရင်များတောင်ကြား(Valley of the Kings) မှတွေ့ရှိခဲ့သည့် ဘုရင် Ramesses II ၏ ရုပ်ကြွင်းဟာ ခရစ်တော်မပေါ်မီ ၁၂၁၃ ခုနှစ်က သေဆုံးခဲ့ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ Ramesses the Great လို့လည်း ထင်ရှားတဲ့ Ramesses II ဟာ ရှေးဟောင်းအီဂျစ်အင်ပါယာ၌ အကြီးကျယ်ဆုံး၊ အင်အားအကြီးဆုံး၊ ပွဲသဘင်များ ကျင်းပမှု အများဆုံး ဖာရိုဟု ယူဆကြကာ

Photo Credit : Pngtree
Photo Credit : Pngtree

ခရစ်တော်မပေါ်မီ ၁၂၇၉ ခုနှစ်မှ ၁၂၁၃ ခုနှစ်အထိ အီဂျစ် ၁၉ ဆက်မြောက် အင်ပါယာ၏ တတိယမြောက် ဘုရင်ဖြစ်ခဲ့ပါတယ်။Ramesses II ၏ ရုပ်အလောင်းကို မူလက ဘုရင်များတောင်ကြား၌ မြှုပ်နှံခဲ့ပြီး နောက်ပိုင်းတွင် ခိုးတူးသူများ၏ အန္တရာယ်ကို ရှောင်ကြဉ်နိုင်ရန် ရဟန်းတော်များက ဘုရင်မ Inhapy ဂူသင်္ချ ိုင်းသို့ရွှေ့ပြောင်းခဲ့ပါတယ်။ ထို့နောက် သုံးရက်အကြာတွင် တတိယအကြိမ်အဖြစ် Ramesses II ၏ ရုပ်အလောင်းကို ရဟန်းတော်များ၏ အကြီးအကဲ Pinudjem II ၏ အုတ်ဂူသို့ ထပ်မံပြောင်းရွှေ့ခဲ့ကာ

Photo Credit : Pngtree
Photo Credit : Pngtree

ဒီ အကြောင်းများကို Ramesses II၏ အလောင်းကိုဖုံးထားသည့် အဝတ်စပေါ်တွင် ရေးသားခဲ့ပါတယ်။ ရုပ်အလောင်းကိုစစ်ဆေးချိန်၌ သုတေသီများက Ramesses II သည် အနီရောင်ဦးခေါင်းရှိကာ အဆစ် ရောင်ရောဂါကို ခံစားခဲ့ရသဖြင့် သေဆုံးချိန်အထိ ခါးကုန်းကာ လမ်းလျှောက်ခဲ့ရကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ပညာရှင်များရဲ့ အပတ်တကုတ် လေ့လာဆန်းစစ်ချက်များအရ Ramesses II ဟာ ကမ္ဘာ့ရှေးအကျဆုံး မံမီထဲကမှ တစ်ခု အဖြစ် သမိုင်းမှတ်တမ်းမှာ တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Pngtree

Source : မောင်သာ(ရှေးဟောင်းသုတေသန)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။