လူသားတို့၏ စိတ်သည် အမြဲကြံဆတွေးတော နေသည်ဖြစ်ရာ သဘာဝဆန်းကြယ်မှုများကို အဖြေရှာမရသည့်အခါမျိုးတွင် မိမိတို့သိရှိထားသည့် ကိုယ်ပိုင်ရှင်းပြချက်များ၊ သီအိုရီများဖြင့် ဖြည့်ဆည်းရန်ကြိုးစားလေ့ရှိကြပါတယ်...။ ဥပမာ...တစ်တစ်တူးငှက်တို့သည် မိုးပြိုမည် စိုးသဖြင့် ဇောက်ထိုးအိပ်တတ်ကြပါတယ်...၊ မိကျောင်းတွင်လျှာမရှိ၊ ဗျိုင်းသည်လေဥ အုသည်စသဖြင့် တိရိစ္ဆာန်များနှင့် ပတ်သက်သော ပါးစပ်ပြောများကို လူတိုင်းလိုလို ကြာဖူးကြမှာဖြစ်ပါတယ်..။ ထိုကဲ့သို့ ထင်မြင်ယူဆ ပြောဆိုမှုများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတွင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျယ်ပြန့်စွာရှိနေကြတာဖြစ်ပါတယ်...။

photo credit pngtree

အချို့သော ထင်မြင်မှုများဖြင့် ပြောဆိုခဲ့သော ယုံတမ်းစကားများသည် အမှန်တရားနှင့် များစွာဝေးကွာနေသော်လည်း လူအများ စိတ်ဝင်စား လာကြစေရန် ပုံပြင်များ၊ ဒဏ္ဍာရီများအဖြစ် ချဲ့ထွင်ပုံဖော်တတ်ကြပါတယ်...။ တိရိစ္ဆာန်တို့နှင့် ပတ်သက်သည့် အချို့သောပုံပြင် ဒဏ္ဍာရီများသည် သဘာဝကျကျ လက်ခံနိုင်ဖွယ်ရာ မရှိကြသော်လည်း တိရိစ္ဆာန်တို့၏ထူးခြားသော စရိုက်လက္ခဏာ သွင်ပြင်များ အများဆုံးပါဝင်နေသည်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်...။ ၎င်းတို့အနက်မှ "တီကောင်ကို နှစ်ပိုင်းဖြတ်လိုက်လျှင် နှစ်ကောင်ဖြစ်သွားသည်" ဆိုသော ယုံတမ်းစကားသည် တစ်ကယ်ဟုတ်၊ မဟုတ်ဆိုတာကို ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။

photo credit pngtree

တီကောင်တစ်ကောင်ကို နှစ်ပိုင်းဖြတ်လိုက်ပါက ပြတ်သွားသော အပိုင်းတစ်ခုစီမှ တစ်ကောင်စီ အသစ်ပြန်လည် ဖြစ်သွားသည်ဟု လူအများ ထင်မြင်နေတတ်ကြပါတယ်...။ အမှန်စင်စစ်တွင်မူ တီကောင်တစ်ကောင်ကို နှစ်ပိုင်းဖြတ်လိုက်တဲ့အခါမှာ ဦးခေါင်းရှိသော အပိုင်းကသာ ဆက်လက်ရှင်သန်နိုင်ပြီး ကျန်အပိုင်းက သေဆုံးပျက်စီးသွားသည်သာဖြစ်ပါတယ်...။ တီကောင်နှစ်ပိုင်းပြတ်ချိန်တွင် ပြတ်သွားသော နှစ်ပိုင်းလုံး လူးလွန့်နေသဖြင့် လူများက အသက်ရှိနေသည်ဟု ထင်မှတ်နေ ကြခြင်းသာဖြစ်ပြီး ဦးခေါင်း မပါသော အပိုင်းက အချိန်အတန်ကြာတွင် လူးလွန့်မှုများလုံး၀ ရပ်တန့်သွားပြီး ကျန်သော ( အသက်ရှိသည့်) အပိုင်းကသာ လူးလွန့်လျက် သွားလိုရာသို့ သွားနိုင်တာဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။