ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ ရွှေရွှေစုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရွှေထူးနတဲ့ ရွှေမှုံရတီတို့ စုံတွဲလေးကတော့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေတဲ့ စုံတွဲလေးပါပဲ..။

မတူညီတဲ့ အနုပညာနယ်ပယ်အတွေကနေ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေအဖြစ် ထိပ်တန်းကနေ ရပ်တည်နေကြသလို တစမ်ယောက်ကိုတစ်ယောက် နားလည်မြတ်နိုးမှုလေးတွေနဲ့ ကြည်နူးပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကိုလည်း နှစ်ယောက်အတူ တည်ဆောက်ထားကြတဲ့ ဇနီးမောင်နှံစုံတွဲလေးပဲ ဖြစ်ပါတယ်..။


Photo Credit – Amazing Grace Photography
Photo Credit – Amazing Grace Photography

ပရိသတ်တွေရဲ့ အသည်းကျော်စုံတွဲလေးကတော့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ စုံတွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အပန်းဖြေအနားယူနေတဲ့ ရေကူးကန်ထက်က အမိုက်စားပုံလေးတွေနဲ့ ကြည်နူးစေပြန်ပါတယ်နော်..။

ရေကူးကန်ထက်က ကြည်နူးစရာ ရိုမန်တစ်ဆန်ဆန်ပုံရိပ်လေးတွေနဲ့အတူ ရေကူးရင်း ချစ်ဇနီးလေးကို ကြင်ကြင်နာနာနဲ့ တယုတယလေး ဖက်ထားတဲ့စုံတွဲပုံလေးနဲ့ ချစ်ပရိသတ်တွေကို အားကျကြည်နူးစေတာပါနော်..။


Photo Credit – Shwe Mhone Yati’s Facebook
Photo Credit – Htoo Khant’s Facebook

ပရိသတ်တွေရဲ့အချစ်တော်ရွှေရွှေစုံတွဲလေးကတော့ လတ်တလောမှာတော့ အင်းလေးကို ခရီးသွားရောက်ရှိနေတာဖြစ်ပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေတဲံ ရွှေရွှေစုံတွဲလေးရဲ့ ရေကူးအပန်းဖြေနေတဲ့ ရေကူးကန်ထက်က အမိုက်စားပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်တာမို့ အသည်းလေးတွေပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။


Photo Credit – Shwe Mhone Yati’s Facebook
Photo Credit – Htoo Khant’s Facebook

Photo Credit – Htoo Khant’s Facebook ၊ Shwe Mhone Yati’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။