နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းဆိုတဲ့ ညီအစ်မသုံးယောက်ကတော့ ပရိသတ်တွေနဲ့အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ မအေးသောင်းတို့ညီအစ်မသုံးယောက်လုံးက အလှတစ်မျိုးစီနဲ့ ချစ်စရာကောင်းနေတဲ့ မိန်းမလှလေးတွေပဲ ဖြစ်ကြပါတယ်။ ညီအစ်မသုံးယောက်လုံးက အနုပညာအလုပ်တွေကိုလည်း အတူတကွလုပ်ကိုင်ခဲ့ကြပြီး ပရိသတ်များစွာရဲ့အားပေးဝန်းရံမှုကိုရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Hnin Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Sweet Wutt Yi Thaung's FB

သူမတို့ညီအစ်မတွေထဲမှာတော့ မအေးသောင်းက ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို အများဆုံးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း မအေးသောင်းတစ်ယောက် အစားအသောက်ပုံတွေတင်ရင်း သူမတို့ညီအစ်မရဲ့ Snap Photo လေးကိုပါ မျှဝေခဲ့ပါတယ်။ မအေးသောင်းက ထမင်းဝိုင်းမှာ မြိန်ရေယှက်ရေနဲ့ ထမင်းလက်ဆုံစားသောက်နေကြတဲ့ သူမတို့ညီအစ်မရဲ့ပုံလေးကို တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-LiJohn Photography
Photo Credit-Hnin Thaung's FB

ဒီပုံလေးမှာတော့ မအေးသောင်းတို့ညီအစ်မသုံးယောက်လုံးက ထမင်းဝိုင်းမှာအတူထိုင်ပြီး ဟန်ဆောင်မှုကင်းကင်းနဲ့ အားရပါးရစားနေကြတာ ဖြစ်ပါတယ်။ ချစ်ချစ်ခင်ခင်နဲ့အတူတွေ့ရတဲ့ မအေးသောင်းတို့ညီအစ်မသုံးယောက်လုံးကတော့ အရမ်းကို အပြစ်ကင်းစင်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ညီအစ်မသုံးယောက်ရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aye Thaung's FB , Hnin Thaung's FB & Sweet Wutt Yi Thaung's FB 

Photo Credit-Aye Thaung's FB
Photo Credit-LiJohn Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။