ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ အာဂျင်တီးနားနိုင်ငံရှိ "Cueva de las Manos" (မာနို့စ်) လိုဏ်ဂူရှိ ရှေးခေတ်လူသားတို့၏ နံရံပန်းချီပုံများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းသုတေသနပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများအသုံးအဆောင်များ၊ အနုပညာလက်ရာများ၊ လက်နက်များကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်...။ ထိုမျှသာမက ရှေးခေတ်လူသားတို့၏ စိတ်ကူးစိတ်သန်းများဖြင့်ရေးဆွဲခဲ့ကြသော နံရံဆေးရေးပန်းချီလက်ရာများ ကိုလည်း ယင်းတို့နေ ထိုင်ခဲ့ရဒေသများတွင် ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်...။

photo credit pngtree

ထိုရှာဖွေ တွေ့ရှိခဲ့သော နံရံပန်းချီပုံများထဲတွင် "မာနို့စ်" လိုဏ်ဂူရှိ ရှေးခေတ်လူသားတို့ အနုပညာလက်ရာမြောက်စွာ ရေးဆွဲခဲ့သော ပုံတို့သည် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်...။ "Cueva de las Manos" လိုဏ်ဂူ သည် အာဂျင်တီးနားနိုင်ငံတောင်ပိုင်း ပင်တဂွန်ဒေသ လူသူကင်းဝေးရာ နေရာ တွင် တည်ရှိပြီး လက်များကို ကျောက်သားပေါ်တွင်ထွင်းကာရေးဆွဲထားသောပုံကြောင့် လက်ဂူ( Cave of Hands) ဟု လူသိများပါတယ်...။

photo credit pngtree

ကြံ့နှင့် အခြားသတ္တဝါပုံများနှင့် အမဲလိုက်သည့် မြင်ကွင်းပုံများကိုလည်း ရေးဆွဲထားပါသေးတယ်...။ လက်ပုံ အများစုသည် လက်ဝဲဘက် လက်များသာ ဖြစ်လေရာ ပုံဆွဲသူများက ယာဘက်လက်တွင် ဆေးကိုကိုင်ကာ ဘယ်လက်ကို နံရံပေါ်တင်လျက် လက်ချောင်းရာများအတိုင်း ဆေးဖြင့် လိုက်ဆွဲထားသည်ဟု ယူဆကြပါတယ်...။ ယင်းတို့ကိုလွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀၀ မှ နှစ် ၉၅၀၀ အတွင်း ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။