ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေနဲ့ အောင်မြင်မှုအခိုင်အမာရရှိထားကြတဲ့ သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ မင်းသမီးချောရတနာခင်ကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သလို လတ်တလောမှာ မိသားစုကို အချိန်ပေးဖြစ်နေပြီး အနုပညာအလုပ်တွေရပ်နားထားပေမယ့် ပရိသတ်တွေကတော့ ယနေ့အချိန်ထိ အားပေးချစ်ခင်နေကြပါတယ်နော်..။

Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook

ရတနာခင်ကတော့ အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး အောက်တိုဘာ(၂၅)ရက်နေ့ကလည်း မိသားစုတွေနဲ့အတူ ကျပ်သိန်း (၁၅၀၀၀) တန် သာသနာ့ဓမ္မဗိမ္မာန်တော်ကြီးကို ရေစက်ချလှူဒါန်းခဲ့ကြပါတယ်..။

ရတနာတို့မိသားစုတွေအပြင် မိဘတွေနဲ့ ညီအစ်ကိုမောင်နှမတို့ စုပေါင်းပြီး ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ ကျပ်သိန်း တစ်သောင်းခွဲတန်ဖိုးရှိ ကျောက်စိမ်း ကျောက်မျက်ရတနာ သာသနာ့ဓမ္မဗိမ္မာန်တော်ကြီးကို ခမ်းနားကြီးကျယ်စွာ လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook

လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ ပီတိဖြစ်ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြပါတယ်နော်..။

အခုလို ခမ်းနားကြီးကျယ်စွာ လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ ဂမ်းသာကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook
Photo Credit - Alinn Yaung's Facebook

Photo Credit - Alinn Yaung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။