ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ သားချောနဲ့ သမီးချောကိုပိုင်ဆိုင်ထားတဲ့ မေမေတစ်ယောက်ဖြစ်ပါတယ်။ဘုန်းမင်နေလနဲ့ ထင်သစ္စာတို့မောင်နှမနှစ်ယောက်ကလည်း မေမေ့ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာပါနော်။

Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook

ဘုန်းမင်းနဲ့ထင်သစ္စာတို့ မောင်နှမနှစ်ယောက်ကို ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြပါတယ်။ခင်ဇာခြည်ကျော်ကလည်း သားနဲ့သမီးရဲ့ ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပံ့ပိုးပေးတဲ့ မိခင်ကောင်းတစ်ယောက်ပါနော်။ခင်ဇာခြည်ကျော်တို့ သားအမိသုံးယောက်က ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်နေကြတာကို တွေ့မြင်ရပါတယ်။

Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook

ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာဆိုရင် မေမေ့ရဲ့အလှအပတွေကို အကုန်ယူထားပြီး ဆယ်‌ကျော်သက်အရွယ်လေးမှာ လှသွေးကြွယ်ပြီး အရမ်းချစ်စရာကောင်းနေပါတယ်နော်။အခုဆိုရင်လည်း ထင်သစ္စာလေးက လူငယ်ဆန်ဆန်ပေါ့ပါးလွတ်လပ်စွာ လှပနေပြီး ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook
Photo Credit:Htin Thitsar's Facebook

Photo Credit:Htin Thitsar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။