Beauty Blogger ဘက်တွင်အောင်မြင်ရုံသာမက သရုပ်ဆောင်ပိုင်းကိုကူးပြောင်းခဲ့ရာတွင်လည်း အချိန်တိုအတွင်းနဲ့အောင်မြင်မှုသရဖူကိုဆောင်းထားနိုင်သူကတော့ သရုပ်ဆောင် နေခြည်ဦးပါ။ သူမရဲ့သွက်လက်ပြီး ပွင့်လင်းတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေကချစ်ပြီးရင်း ချစ်နေရတာပါ။ ဒါ့အပြင် ချီချီဟာ သူမရဲ့ပရိသတ်တွေကိုလည်း တလေးတစားနဲ့ဆက်ဆံတတ်သူ မင်းသမီးချောလေးတစ်ယောက်ပါ။ 

Photo Credit- LI John Photography
Photo Credit- LI John Photography
Photo Credit- LI John Photography

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " အခမ်းနားဆုံး မေတ္တာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိထားတာပါ။ ချီချီဟာ လက်ရှိမှာလည်း " အိမ်မက်တွေမိုးထားတဲ့ အိမ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေး ရိုက်ကူးလျက်ရှိတာပါ။ မနေ့ညကတော့ သူမရဲ့ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ အမှတ်တရပွဲလေးတစ်ခုပြုလုပ်ခဲ့ပါတယ်။

Photo Credit- LI John Photography
Photo Credit- LI John Photography
Photo Credit- LI John Photography

ဒါကတော့ ပရိသတ်တွေနဲ့အတူ ပီဇာစားကာ ပျော်ပျော်ပါးပါး သူမရဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုအတူတကွ ကြည့်ရှုခဲ့တာပါ။ ဒီပုံရိပ်လေးတွေကိုတော့ သူမရဲ့Beautybynaychiဆိုတဲ့Page လေးမှာ ဝေမျှထားတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- LI John Photography

Source- Beautybynaychi’s Facebook Page 

Photo Credit- LI John Photography
Photo Credit- LI John Photography
Photo Credit- LI John Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။