ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ဆန်းဆန်း ပြားပြား မွေးမြူရေးခြံများထဲမှ ဆိတ်ပင့်ကူ မွေးမြူရေးခြံ (USU Spider Goat Farm) အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ ဆိတ်ပင့်ကူဟူသည့် သတ္တဝါကို ကြားဖူးကြမည် မဟုတ်သော်လည်း အမေရိကန် နိုင်ငံ၊ အူတက် ပြည်နယ်တက္ကသိုလ် (Utah State University) တွင် အမှန်ပင် ရှိနေပါတယ်...။ မျိုးရိုးဗီဇ အင်ဂျင်နီယာ ပညာရပ်ဖြင့် ဖန်တီးထားသည့် ဆိတ်ပင့်ကူသည် ဆိတ် နှင့် ပင့်ကူကို မျိုးစပ်ထားခြင်း မဟုတ်သော်လည်း အပြင်ပန်းအားဖြင့် သာမာန် ဆိတ်တစ်ကောင် နှင့် မထူးခြားသည့် သိပ္ပံပညာ ဖန်တီးမှု တစ်ခုသာ ဖြစ်ပါတယ်...။ 

photo credit pngtree

ဆိတ်ပင့်ကူတွင် ပင့်ကူ၏ မျိုးဗီဇ(ဒီအန်အေ)လည်း ရှိနေပါတယ်...။ ဆိတ်ပင့်ကူသည် အလွန် ထူးခြားလှစွာ ရွှေရောင် ပင့်ကူမျှင်များ ပါဝင်သည့် နို့ရည်များထွက်ရှိပါတယ်...။ ဆိတ်ပင့်ကူ နို့ရည်မှ ရရှိသည့် ရွှေရောင်ပင့်ကူမျှင်များသည် လူများ စားသောက်ရန်၊ သောက်သုံးရန် မဟုတ်ပါဘူးနော်...။ ဤ အချက်သည်ပင်လျှင် ဆိတ်ပင့်ကူကို ထူးခြားစေသည့် အပြင်ပန်း လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်...။ သိပ္ပံပညာရှင်များသည် ဆိတ်ပင့်ကူ၏ နို့ရည်များကို ချက်လုပ်သန့်စင်ကာ ပင့်ကူမျှင်ခြည်များကို ထုတ်လုပ်ကြတာဖြစ်ပါတယ်...။

photo credit pngtree

ထိုပင့်ကူမျှင်များဖြင့် ခံနိုင်ရည်စွမ်းမြင့်သည့် ငါးဖမ်း ပိုက်ကြိုးများ၊ ခွဲစိတ်ခန်းသုံး ချုပ်ကြိုးများ၊ချပ်ဝတ် တန်ဆာကြိုးများနှင့် လေထီးကြိုးများကို ထုတ်လုပ်နိုင်တာဖြစ်ပါတယ်...။ အူတက် တက္ကသိုလ်ရှိ ဆိတ်ပင့်ကူ မွေးမြူရေးခြံသို့ သတ်မှတ်ချိန်များအတွင် သွားရောက်လည်ပတ်နိုင်ကြပြီး ခြံအတွင်းတွင် ဆိတ်ပင့်ကူအုပ်များကို မွေးမြူထားတာဖြစ်ပါတယ်...။ ထိုမွေးမြူရေးခြံသည် အူတက် တက္ကသိုလ်၏ တိရိစ္ဆာန် မွေးမြူရေး နှင့် တိရိစ္ဆာန်တို့ ၏ မျိုးဗီဇ ဆိုင်ရာ သုတေသနလုပ်ငန်း အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။