မင်းသားချော နေတိုးကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးရတဲ့ ပြည်သူချစ်မင်းသားတစ်လက် ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေကို သိမ်းပိုက်ရရှိထားတဲ့နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေအများဆုံးရိုက်ကူးပြီး အောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေတိုးက ကြော်ငြာနဲ့ Photo Shooting တွေလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB

ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ နေတိုးက အခုလည်း ကြော်ငြာရိုက်ကွင်းကပုံရိပ်တွေကို တင်ပေးထားပါတယ်။ ဒီနေ့မှာတော့ နေတိုးက နန်းစန္ဒာလှထွန်း၊ ခြူးလေး၊ ထွန်းပုလဲရတနာဆိုတဲ့ မင်းသမီးချောလေးသုံးယောက်နဲ့အတူ United Vision မျက်မှန်ဆိုင်အတွက် ရိုက်ကူးရေးပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB

နေတိုးက '' Today photo shooting.ပရိသတ်ကြီးနဲ့မတွေ့ရတာကြာပြီမို့ခဏနေပြန်လာခဲ့ပါမယ်..'' ဆိုပြီး ရိုက်ကွင်းကပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပါတယ်။ နေတိုးကတော့ မင်းသမီးချောလေးသုံးယောက်ရဲ့အလယ်မှာ စတိုင်အပြည့်နဲ့ ချောမောခန့်ညားနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့မင်းသမီးချောသုံးယောက်ရဲ့ ကြော်ငြာရိုက်ကွင်းကပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Nay Toe's FB

Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB
Photo Credit- Nay Toe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။