ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ "Seadevil fish"လို့အမည်ရတဲ့ ပင်လယ် တစ္ဆေငါးတွေအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးမှာဖြစ်လို့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်...။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အမြဲ update ဖြစ်အောင် တင်ဆက်ပေးနေတာမလို့ like and see first လုပ်ထားဖို့တော့မမေ့ပါနဲ့ဦးနော်...။

Photo credit Once A Glance Page

ပင်လယ် တစ္ဆေငါးက အလွန်မဲမှောင်နေတဲ့ ပင်လယ်ကြမ်းခင်း 1900ပေ ရေအနက်မှာ နေထိုင်ပြီး ဦးခေါင်းမှ အလင်းရောင်ဖြင့် သားကောင်တွေကို ဖြားယောင်လေ့ ရှိတာဖြစ်ပါတယ်...။ အခြားငါးတွေက သူ့ဦးခေါင်း လက်တံက ထွက်လာတဲ့ လှပပြီး စူရှတဲ့ အလင်းရောင်ကို မြင်မိရင်တော့ ခဏတာ မိန်းမောသွားပြီး ထိုကြောက်မက်ဖွယ်ငါးကြီးရဲ့ သားကောင်တွေဖြစ်လာကြရပါတယ်...။

Photo credit Once A Glance Page

တစ္ဆေငါးကြီးက ထိုခဏတာအချိန်လေးကို အခွင့်ကောင်းယူပြီး အခြားငါးသားကောင်တွေကို ဖမ်းစားလေ့ရှိပါတယ်...။ ပင်လယ် တစ္ဆေငါးဟာ လှုပ် ရှား မှုမြန်ဆန်ပြီး မြင်တွေ့ ရခဲတာကြောင့် Monstar (မှော်ဝင် သတ္တဝါ )အဆင့် သတ်မှတ်ထားပါတယ်...။ ကယ်လီဖိုးနီးယား ကမ်းလွန်ပင်လယ်ပြင်တွင် တွေ့ရတတ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးရေ...အခုဖော်ပြသွားခဲ့တဲ့ တစ္ဆေငါးကြီးနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်လေးတွေ ပေးသွားလို့ရပါတယ်နော်...။

Source Once A Glance Page

Photo credit Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။