ဂျပန်နိုင်ငံတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသည့် ယာကူဇာဂိုဏ်းဟာ အလွန်ပင်ရှေးကျခဲ့ကာ ဂိုဏ်းဝင်အားလုံးပေါင်း ၁၀၂၀၀၀ ကျော်လောက်ရှိပါတယ်။အခုလိုများပြားလှတဲ့ အဖွဲ့ဝင်များကြောင့် ယာကူဇာကို တစ်ကမ္ဘာလုံးက ကြောက်ရွံ့ကြပြီး ယာကူဇာ ဂိုဏ်းသို့ ဝင်လာသူ တစ် ယောက်သည် မိသားစုနှင့် ဆွေမျိုးများကို အဆက်အသွယ်ဖြတ်ကာ ဂိုဏ်းကိုသာ သစ္စာခံကြရတာဖြစ်ပါတယ်။ မိသားစုနှင့် ပြန်လည် ဆက်သွယ်သည့် ဂိုဏ်းသားသည် သစ္စာဖောက်ခြင်းဖြစ်သဖြင့် ထိုသူကို သတ်ဖြတ်လိုက်ကြတဲ့ အစဉ်အလာလည်းရှိပါသေးတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ဂိုဏ်းသားများ အားလုံးကို သုတ်သင်လိုက်နိုင်လျှင် ဤကမ္ဘာသည်နေချင့်စဖွယ်နေရာဖြစ်လာမည်ဟုပင်ဆိုခဲ့ရလောက်တဲ့အထိ ယာကူဇာတွေဟာ အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ ယာကူဇာတို့မရှိလျှင် လူကုန်ကူးမှုများ၊သေနတ်မှောင်ခိုမှုများ၊မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊လုပ်ကြံမှုများ၊ သတ်ဖြတ်မှုများ၊ငွေ ကြေး ခဝါချမှုများနှင့် အခြားရာဇဝတ်မှုများ ရှိတော့မည်မဟုတ်ဟု ယူဆမှုများပင်ရှိလာခဲ့ပါတယ်။ဒါပေမယ့်လည်း သက်ဆိုင်ရာ အစိုးရ အသီးသီးအတွက် ယာကူဇာများကိုသုတ်သင်ရေးဟာ ကြီးမားသော စိန်ခေါ်မှု တစ်ရပ်လို ဖြစ်နေပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree

ယာကူဇာတို့ရဲ့ ကွန်ရက်ဟာ အလွန်ကြီးမား ကျယ်ပြန့်ကာ အချို့အဖွဲ့ဝင်တွေဆိုရင် ရဲတပ်ဖွဲ့များနှင့် အစိုးရအဖွဲ့အတွင်းထိ ထိုး ဖောက် ဝင်ရောက်နေနိုင်တဲ့သူတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ ယာကူဇာဂိုဏ်းဟာ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံး ဂိုဏ်းတစ်ခုအဖြစ်လို့တောင်သတ်မှတ်ခံထားရပြီး ဟိုးယခင်အချိန်တွေတုန်းကလို ဆိုးသွမ်းမှုတွေကို သိပ်မလုပ်ကြတော့ပဲ သိုသိုသိပ်သိပ်နေလာကြတယ်လို့လည်း သိရပါတယ်။

Photo Credit : Pngtree
Photo Credit : Pngtree
Photo Credit : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။