ပရိသတ်တွေရဲ့အချစ်တွေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ်စီအောင်မြင်နေကြတဲ့ ပြည်သူ့အသည်းကျော်လေးနှစ်ယောက်ကတော့ မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်နဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ပဲ ဖြစ်ပါတယ်..။

ယောင်္ကျားလေးမိန်းကလေး ပရိသတ်မရွေး အားလုံးကချစ်ခင်အားပေးကြတဲ့ ပိုင်တံခွန်နဲ့ သုသုလေးတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူတွဲဖက်လုပ်ဆောင်နေကြပါတယ်နော်..။


Photo Credit - Paing Takhon’s Facebook

အခုတစ်ခါမှာလည်း လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ပရိသတ်တွေတွေ့မြင်ရမှာဖြစ်ပြီး ရိုမန်စွာ အထာကျကျဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

နှစ်ယောက်အတူ အထာကျကျလန်းနေကြတဲ့ အမှတ်တရပုံရိပ်လေေးတွကိုလည်း ပိုင်တံခွန်က ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ လိုက်ဖက်ပြီး ချစ်စရာကောင်းနေကြတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကို တကယ်ပဲ သဘောကျစေပါတယ်နော်..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

“နာမည်မှာ ပိုင်ပါတဲ့ လူတိုင်းချောနေတာခက်တယ်

48MP Quad Cameraပါတဲ့ Reno 2 နဲ့ရိုက်ထားတဲ့ပုံတွေပါ..” ဆိုပြီး စနောက်ကာ ဓာတ်ဖမ်းထားကြတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော်လေးနှစ်ယောက် အတူဓာတ်ဖမ်းထားကြတဲ့ အထာကျကျပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။