ရခိုင်ပြည်နယ်အဆင့် MPT အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များအပြီး ၂၀၁၈ ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တဲ့ ရသေ့တောင်အသင်းနဲ့ ကျောက်ဖြူ(က)အသင်းတို့ ဗိုလ်လုပွဲအဆင့်ကို ထပ်မံ တက်ရောက်လာနိုင်ခဲ့ပါတယ်။အကြိုဗိုလ်လုပွဲအဆင့်မှာ ကျောက်ဖြူ(က)အသင်းက မောင်တောအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး နှစ်ဂိုး၊ တစ်ဂိုးနဲ့ အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : MNL ' s facebook
photo credit : MNL ' s facebook

ဒါ့အပြင် ရသေ့တောင်အသင်းကလည်း သံတွဲ(က)အသင်းကို ငါးဂိုး၊တစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၁၈ ဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ဆုံထားခဲ့ပြီး ရသေ့တောင်အသင်းက ကျောက်ဖြူ(က)အသင်းကို နောက်ကောက်ချ အနိုင်ယူဗိုလ်စွဲထားခဲ့တာပါ။

photo credit : MNL ' s facebook
photo credit : MNL ' s facebook

ဗိုလ်လုပွဲမှာတော့ လက်ရှိချန်ပီယံရသေ့တောင်အသင်းနှင့် ကျောက်ဖြူ(က)အသင်းတို့ ထိပ်တိုက်တွေ့ဆွုံနေတာပဲ ဖြစ်ပြီး စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ကိုတော့ အောက်တိုဘာ ၂၉ ရက် ညနေ ၃း၃၀တွင် ကစားကြမှာဖြစ်ပြီး MNL FBမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

source: MNL ' s facebook

photo credit : MNL ' s facebook
photo credit : MNL ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။