အဆိုတော်အောင်ရင်ကတော့ ဂီတလောကမှာ ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်မှုများစွာရရှိနေသလို သားလေးဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်ကလည်း အနုပညာလောကမှာ နာမည်ရနေတဲ့ ပရိသတ်အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ မိုးအောင်ရင်တစ်ယောက် ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်ပြီးတဲ့နောက်ပိုင်းမှာတော့ လူကောင်းတစ်ယောက်အဖြစ် မိဘတွေနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေရပြီ ဖြစ်ပါတယ်။

Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB
Photo Credit-Moe Aung Yin's FB

လက်ရှိမှာလည်း အောင်ရင်နဲ့ မိုးအောင်ရင်တို့သားအဖနှစ်ယောက်က စင်ကာပူနိုင်ငံမှာလည်ပတ်ရင်း ပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။ အောင်ရင်က စင်ကာပူနိုင်ငံမှာသီချင်းဆိုဖို့အတွက် (၄)ညအိပ် (၅)ရက်ခရီးထွက်လာခဲ့တာဖြစ်ပြီး သားဖြစ်သူမိုးအောင်ရင်လည်း လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မိုးအောင်ရင်တို့သားအဖနှစ်ယောက်က ဆင်တူအင်္ကျီလေးတွေဝတ်ဆင်ပြီး Shopping ထွက်နေကြတာလည်း ဖြစ်ပါတယ်။

Photo Credit-Aung Yin's FB
Photo Credit-Aung Yin's FB
Photo Credit-Aung Yin's FB
Photo Credit-Aung Yin's FB

ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ မြင်တွေ့ရတဲ့ မိုးအောင်ရင်တို့သားအဖနှစ်ယောက်ကတော့ စင်ကာပူနိုင်ငံမှာ မနက်မိုးလင်းကနေ ညသန်းခေါင်အထိ လျှောက်လည်နေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း အောင်ရင်က သားလေးနဲ့အတူ ကြက်တောင်ရိုက်ဖို့ ဈေးဝယ်ထွက်နေတဲ့ပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးအောင်ရင်တို့သားအဖနှစ်ယောက်ရဲ့ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Aung Yin's FB 

Photo Credit-Aung Yin's FB
Photo Credit-Aung Yin's FB
Photo Credit-Aung Yin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။