မိန်းကလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကတော့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

Photo Credit : Ye Hein
Photo Credit : Ye Hein

ဒီရက်ပိုင်းမှာတော့ တိုင်ရွန်က Photo Shooting လေးတွေရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေတွက် အမိုက်စားဖက်ရှင်လေးနဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ အမြဲလို အထာကျကျ ခန့်ညားလွန်းနေတာကြောင့် ကောင်မလေးတွေအချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

Photo Credit : Ye Hein
Photo Credit : Ye Hein

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ အထာကျကျ ခန့်ညားလွန်းနေတဲ့ ခရီးသွားအမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo Credit : Ye Hein
Photo Credit : Ye Hein

Source: Tyron Bejay Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။