သန္တာဗိုလ်ကတော့ သရုပ်ဆောင် မင်းသမီး ချောရတနာရဲ့ညီမချောလေးဖြစ်သလို သရုပ်ဆောင် မင်းသားကောင်းပြည့်ရဲ့ချစ်သူလေးလည်း ဖြစ်ပါတယ်။ သန္တာဗိုလ်က မော်ဒယ်၊သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ ရုပ်ရည်လေးက ချောမောလှပသလို Body အချိုးအစားကလည်း ပြေပြစ်လှတဲ့ သန္တာဗိုလ်က အပြစ်ဆိုဖွယ်မရှိအောင် လှနိုင်လွန်းသူလေး ဖြစ်ပါတယ်။

Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB

Tik Tok ကစားရတာဝါသနာပါတဲ့ သန္တာဗိုလ်က ပရိသတ်တွေကြားမှာ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အခုလည်း သန္တာဗိုလ်က တစ်ခါမှမလုပ်ဖူးသေးတဲ့ Cuttie Girl လေးပုံစံလုပ်ကာ ချစ်စရာ Tik Tok ဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ သီချင်းလေးနဲ့အတူ ချစ်သူကိုအချွဲပိုနေတဲ့ပုံစံလေးလုပ်ပြရင်း သရုပ်ဆောင်နေတဲ့ သန္တာဗိုလ်ကတော့ နောက်ဆုံးမှာမနေနိုင်လို့ ထရယ်လိုက်ရတာပဲ ဖြစ်ပါတယ်။

Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB

သန္တာဗိုလ်က " တခြားကောင်မလေးတွေလို ချစ်ဖို့ကောင်းမလားပေါ့ ကိုယ့်ကိုယ်ကို cute လုပ်ရတာ အဆင်မပြေဘူး အရမ်းရယ်ချင်လာလို့ " ဆိုပြီး သူမရဲ့ Tik Tok ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ သန္တာဗိုလ်တစ်ယောက် သီချင်းလေးဆုံးအောင်တောင် Tik Tok မကစားနိုင်ဘဲ ရယ်ရလွန်းလို့ ရပ်လိုက်ရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော သန္တာဗိုလ်ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thandar Bo's FB 

Photo Credit-Thandar Bo's FB
Photo Credit-Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။