Burmese Ghoulsအသင်းဟာ ယခုနှစ် Season 3 မှာ TCNကို ၃ပွဲပြတ်အနိုင်ယူပြီး CHAMPIONဆုကို ရရှိခဲ့ပါတယ်။ Burmese Ghoulsအသင်းဟာ Season 1ချန်ပီယံဖြစ်သလို ယခုနှစ်လဲ Season 3 ချန်ပီယံဖြစ်ခဲ့တာကြောင့် နှစ်ထပ်ခွဲချန်ပီယံဆုကို ရရှိခဲ့တာပဲ ဖြစ်ပြီး ယခုမှာ MLBB World Championship M 1 ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

photo credit: Burmese Ghouls 's facebook
photo credit: Burmese Ghouls 's facebook

Ice Iceကတော့ ""Burmese Ghouls ကအရင် Players ဟောင်းတွေက ထွက်သွားတယ် အဲ့တာကြောင့် ဆော့ရတာ အဆင်မပြေဘူး နည်းနည်းလေး လိုအပ်မှုတွေ ရှိခဲ့တယ် ကျွန်တော်တို့အသင်းကို Playersအသစ်တွေ ရောက်လာချိန်မှာ အကောင်းဆုံး ကြိုးစားနေပါတယ် Season 1ချန်ပီယံဖြစ်ခဲ့တယ် Season 2မှာ ချန်ပီယံနဲ့ လွဲခဲ့တယ် အဲ့ဒီက အမှားတွေကို အကောင်းဆုံးပြင်ဆင်ထားပါတယ် " ဆိုပြီးပြောထားခဲ့ပါတယ်။

photo credit: Burmese Ghouls 's facebook
photo credit: Burmese Ghouls 's facebook

May Beကတော့ " မလေးရှားမှာ သွားရောက်ယှဉ်ပြိုင်မယ့် MLBB World Championship M 1 မှာ hero draft Pick တွေ လဲ သေချာ လုပ်ပြီးဆော့သွားမှာပါ နိုင်ငံခြားမှာလဲ ဆု တစ်ခုခု ရအောင်ယူခဲ့မှာပါ အားပေးကြတဲ့ တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

SOURCE: MYANMAR LOAD SPORTS 

photo credit: Burmese Ghouls 's facebook
photo credit: Burmese Ghouls 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။