အသက် ၁၂နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို အောက်တိုဘာ ၂၉ရက် ညနေပိုင်းကကျင်းပ ပြုလုပ်ခဲ့ရာ မကွေးအသင်းနဲ့ စစ်ကိုင်းအသင်းတို့ နိုင်ပွဲများရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။တိုက်စစ်အားကောင်းတဲ့ ချင်းအသင်းနဲ့ ခံစစ်အားကောင်းတဲ့ မကွေးအသင်းတို့ပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲပြီးတဲ့အထိ(၁ -၁)ဂိုးသရေ ကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာ မကွေးအသင်းက (၀ -၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

မကွေးအသင်းဟာဦးဆောင် ဂိုးရရှိခဲ့တာကြောင့် ချင်းအသင်းအနေနဲ့ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ချင်းအသင်းဟာ ချေပဂိုး ပြန်ရယူနိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အရေးနိမ့်သွားခဲ့ပါတယ်။ရှမ်း(တောင်) အသင်းနဲ့ စစ်ကိုင်းအသင်းတို့ပွဲစဉ်ကလည်း ပြိုင်ဆိုင်မူ ပြင်းထန်ခဲ့ပြီး ပွဲပြီးတဲ့အထိ ( ၁-၁) ဂိုး သရေကျနေခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာ စစ်ကိုင်းအသင်းက ( ၁ - ၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေအပြန်အလှန်သွင်းခဲ့တာဖြစ်ပါတယ်။မကွေးအသင်းနဲ့ စစ်ကိုင်းအသင်းတို့ရဲ့ နောက်ဆုံး ဗိုလ်လုပွဲကို အောက်တိုဘာ ၃၁ ရက်၊ ညနေ ၄ နာရီမှာ ကျင်းပပြုလုပ်သွားမှာဖြစ် ပါတယ်။

source: MFF ' s facebook  

photo credit : MFF ' s facebook
photo credit : MFF ' s facebook
photo credit : MFF ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။