ပရိသတ်ကြီးတို့ရေ.....ပူလောင်ခြောက်သွေ့တဲ့ သဲကန္တာရထဲမှာ သွားလာလှုပ်ရှားနေကြတဲ့ ကုလားအုတ်တွေက သူတို့ရဲ့ ဘို့ထဲတွင် ရေကိုသိုလှောင်ထားတတ်ကြတယ်လို့ ကြားဖူးကြမှာဖြစ်ပါတယ်...။ ထိုကဲ့သို့ သိုလှောင်ထားတာက တစ်ကယ်ပဲလား ဒါမှမဟုတ် လူတွေရဲ့ ပါးစပ်ပြောကနေ ပေါက်ဖွားလာတာလားဆိုတာကို တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ ဗဟုသုတရရှိစေရန် ဖော်ပြပေးသွားမှာဖြစ်ပါတယ်....။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းအစရှိတဲ့ ကဏ္ဍပေါင်းစုံကို စာဖတ်သူတို့ မရိုးသွားဘဲ စိတ်ဝင်စားမှုရှိစေရန် တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ လိုပါလိမ့်မယ်...။

photo credit pngtree

ကဲ....ကုလားအုတ်တို့ဆီ admin နဲ့အတူသွားလိုက်ကြရအောင်....။ လူတို့သည် တိရိစ္ဆာန်တို့ကို ယာဉ်များဖြင့် အသုံးပြုခဲ့ကြသည်မှာ ရှေးခေတ်ကာလထဲက စ၍ အခုအချိန်ထိလို့ ပြောရမှာဖြစ်ပါတယ်...။ စက်မှုနည်းပညာတွေ ဘယ်လောက်ပဲတိုးတက်သည်ဖြစ်စေ ဆင်၊ မြင်း အစရှိတဲ့ သတ္တဝါတို့ကို စီးတော်ယာဉ်အဖြစ် စီးပွားရှားတဲ့နေရာမှာ၎င်း၊ အပန်းဖြေဥယျာဉ်စခန်းတွေမှာ၎င်း...အစရှိသဖြင့် ခိုင်းစေသုံးစွဲကြနေသည်မှာ ကမ္ဘာ့နေရာ အနှံ့လို့ပင်ဆိုလို့ရပါတယ်...။ ရေရှားပါပြီး ပူပြင်းတဲ့ သဲကန္တာရလို နေရာမျိုးတွင်တော့ ကုလားအုတ်တွေကိုသာ စီးတော်ယာဉ်အဖြစ် ခိုင်းစေကြတာဖြစ်ပါတယ်...။ ကုလားအုတ်များသည် ရေမသောက်ဘဲ ၇ ရက်လောက် ကြာသည်အထိ အသက်ရှင်နေနိုင်လို့ပဲဖြစ်ပါတယ်...။

photo credit pngtree

ကန္တာရ ခရီးရှည်ကြီးကို နှင်နိုင်ကြသော်လည်း ကုလားအုတ်တို့သည် သူတို့ ခန္ဓာကိုယ်အတွက်လိုအပ်သည့်ရေကို သူတို့ ၏ဘို့ အတွင်း သိုလှောင်ထားသည်ဆိုသည့် အချက်သည်ကား လုံးဝမမှန်ကန်ပါဘူးနော်...။ ကုလားအုတ်တို့၏ သွေးနီဥဆဲလ်တို့သည် ဘဲဥပုံ သဏ္ဍာန် ရှည်မျောမျောရှိနေကြပြီး ယင်းသွေးဆဲလ်များကည် ကုလားအုတ်တို့အားရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ပေးလို့သာဖြစ်ပါတယ်...။ကုလားအုတ်တို့၏ ကျောက်ကပ်နှင့် အူများက ရေကိုများစွာ ထိန်းထားနိုင်ကြပါတယ်...။ ထို့ကြောင့် ကုလားအုတ်တို့၏ ကျင်ငယ်ရည်သည် သကာရည်ကဲ့သို့ ပြစ်ချွဲနေလေ့ရှိပြီး ယင်းတို့စွန့်ပစ်သော ကျင်ကြီးသည်လည်း မီးရှို့၍ရလောက်အောင် ခြောက်သွေ့နေပါတယ်...။ ကုလားအုတ်တို့၏ ဘို့ထဲတွင်ကား ယင်းတို့ ခန္ဓာကိုယ်အတွက်လိုအပ်သော စွမ်းအင်ကို ထုတ်ပေးသည့် အဆီများသာရှိနေတာဖြစ်ပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။