ပရိသတ်တွေရဲ့အားကျချစ်ခင်မှုတွေကို ရရှိထားကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးကတော့ အဆိုတော် ရဲရင့်အောင်နဲ့ မော်လ်ဒယ်မင်းသမီးချောလေး ဧငြိမ်းဖြူတို့ စုံတွဲလေးပါပဲ..။

အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ကြည်နူးအားကျစရာ စုံတွဲပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေပြီး တစ်ယောက်ကိုတစ်ယောက် နားလည်ချစ်ခင်မှုလေးတွေနဲ့ အေးချမ်းပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်..။


Photo Credit – A Nyein Phyu’s Facebook
Photo Credit – A Nyein Phyu’s Facebook

စုံတွဲပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ ဧငြိမ်းဖြူကတော့ အစားစားနေရင်း ဓာတ်ပုံရိုက်လို့ ပဲများနေတဲ့ ချစ်သူရဲရင့်အောင်ကို ဗီဒီယိုဖိုင်လေး ရိုက်ပြီး ဆေးထိုးလိုက်ပြန်ပါတယ်နော်..။

နှစ်ယောက်အတူ အပြင်မှာ မုန့်သွားစားရင်း ဓာတ်ပုံရိုက်တဲ့အချိန် ပဲများနေတဲ့ ချစ်သူရဲရင့်အောင်ကို ဗီဒီယိုလေး ရိုက်ပြီး ပဲများပြနေတာဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောထားသေးတာမို့ ပရိသတ်တွေကလည်း နှစ်ယောက်လုံးကို သဘောကျနေကြပါတယ်နော်..။


Photo Credit – A Nyein Phyu’s Facebook
Photo Credit – A Nyein Phyu’s Facebook

ချစ်သူလေး ရဲရင့်အောင်ကို ကုလို့ ချစ်စနိုးခေါ်ပြီး “မရိုက်လိုက်နဲ့ ရိုက်တာနဲ့ အသေပဲများပြသော ကုပါပဲ..” ဆိုပြီး ပြောထားပြီး ချစ်သူလေးကို ဗီဒီယိုရိုက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေသဘောကျနေကြပြီး ချစ်စရာကောင်းနေကြတဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit – A Nyein Phyu’s Facebook
Photo Credit – A Nyein Phyu’s Facebook

Photo Credit – A Nyein Phyu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။