ဆယ်ကျော်သက်အရွယ်ကတည်းက အဆိုတော်တစ်ဦးအဖြစ် ဂီတလောကကို ဝင်ရောက်လာခဲ့တဲ့ အုပ်စိုးခန့်ကတော့ မိန်းကလေးပရိသတ်တော်တော်များများရဲ့ အပြတ်အသတ်အားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အုပ်စိုးခန့်က " ကိုယ့်ထိုက်နဲ့ ကိုယ်ကံ " ဆိုတဲ့သီချင်းလေးကစလို့ " ချစ်နေပြီ၊ အပြစ်မယူ" စတဲ့ သီချင်းလေးတွေနဲ့လည်း ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit- OakSoe Khant's FB
Photo Credit- Amazing Grace
Photo Credit- Amazing Grace

သီချင်းဆိုကောင်းတဲ့ အုပ်စိုးခန့်က အခုဆိုရင် သရုပ်ဆောင်အဖြစ် " အိပ်မက်တွေမိုးထားတဲ့အိမ် "ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ အခုတော့ အုပ်စိုးခန့်က သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေအထင်လွဲနေတဲ့ သတင်းတစ်ခုကို ပြန်လည်ဖြေရှင်းလိုက်ပါတယ်။ အုပ်စိုးခန့်က မင်းသမီးတစ်ဦးနဲ့ ရည်းစားသက်တမ်း (၁) နှစ်နဲ့ (၇) လကျော်ရှိနေပြီဆိုတဲ့သတင်းကို ရှင်းလင်းပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit- OakSoe Khant's FB
Photo Credit- OakSoe Khant's FB
Photo Credit- OakSoe Khant's FB

အုပ်စိုးခန့်က " Feb 25 2018 မှာ MTV ရိုက်ရင်းနဲ့စတွေ့တာပါ အဲ့တာကို 1 year and 7 days ဆိုပြီးပြောနေကြတာတွေက စတွေ့တဲ့ရက်ကနေ ရေကြည့်ပြီး ရည်းစားသက်တမ်းလို့ ခေါင်းစဉ်တပ်နေကြတာပါ " ဆိုပြီး ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ သတင်းထွက်နေတဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ အုပ်စိုးခန့်ရဲ့ဖြေရှင်းချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- OakSoe Khant's FB 

Photo Credit- OakSoe Khant's FB
Photo Credit- OakSoe Khant's FB
Photo Credit- OakSoe Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။