ပရိသတ်ကြီးရေ.....ကျွန်ုပ်တို့ Myanmarload pageရဲ့ ဗဟုသုတသတင်းစုံလင် ကဏ္ဍကနေ နိုင်ငံအရပ်ရပ်က ထူးဆန်းအံ့သြဖွယ် သတင်းမျိုးကို ဖော်ပြပေးခဲ့သည်ဖြစ်ရာ မရိုးအီသွားရအောင် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နေရာလေးတစ်နေရာအကြောင်းကို စိတ်ဝင်စွားဖွယ်ဖြစ်အောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်...။ ထိုနေရာလေးကို "lake of no return" လို့ဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ရလောက်အောင် ဘယ်လိုအဖြေရှာမရတဲ့ သဘာဝလွန်အဖြစ်အပျက်တွေ ဖုံးလွှမ်းပြည့်နှက် နေခဲ့တာလဲဆိုတာကိုတော့ အောက်မှာဆက်လက်ဖတ်ရှုသွားကြပါဦး...။

photo credit Once A Glance Page

"1942" ခုနစ်တုန်းကပေါ့ဗျာ.... သမိုင်းကိုပြန်သွားကြည့်မယ်ဆိုရင် ထိုအချိန်တုန်းက မြန်မာတွေဟာ ဂျပန်လက်အောက် ကျရောက်နေခဲ့တာဖြစ်ပါတယ်...။ တစ်နည်းအားဖြင့်ပြောရရင် တရုတ်နိုင်ငံမှာလည်း ချန်ကေရှိတ်တို့ လက်ထက် ဂျပန်တွေကို တိုက်ထုတ်နေတဲ့ အချိန်ပဲဖြစ်ပါတယ်...။ အန္ဒိယနိုင်ငံ မှာရှိတဲ့ အင်္ဂလိပ်တို့ရဲ့ မဟာမိတ် အမေရိကန်က တရုတ်နိုင်ငံကိုဝင်ရောက်ဖြတ်သန်းသွားလာဖို့ အန္ဒိယ-မြန်မာ-တရုတ် လမ်းကို ဖောက်လုပ်ခဲ့ပါတယ်...။ ထိုလမ်းနဲ့ မလှမ်းမကမ်းမှာတော့ "lake of no return"လို့အမည်ရတဲ့ ရေကန်ရှိတာဖြစ်ပါတယ်...။

photo credit pngtree

ထိုရေကန်ပေါ်က ဖြတ်သန်း သွားတဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာဟာ ထူးဆန်းစွာ ပျောက်ဆုံးခဲ့သလို ရေကန်နား ကိုရောက်ရှိ ချည်းကပ်လာတဲ့ ဂျပန်စစ်သား ဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံးသွားခဲ့ဖူးတဲ့ သမိုင်းတွေရှိပါတယ်...။ ထိုအဖြစ်အပျက်တွေက တိုက်ဆိုင်မှုတွေလား၊ ဒါမှမဟုတ် သဘာဝလွန်အဖြစ်အပျက်တွေလားဆိုတာကတော့ အခုချိန်ထိ အဖြေရှာမရတဲ့ ပုစ္ဆာတွေအဖြစ်သာကျန်ရှိနေပါတယ်...။ နောက်ပိုင်းမှာ အမေရိကန်တွေက ထိုရေကန်ကို "Lake of no return" ပြန်လမ်း မရှိတဲ့ ရေကန်ဆိုပြီး အမည်ပေးခဲ့သလို အိန္ဒိယ လူမျိုးတွေက အိန္ဒိယ ဘာမြူဒါဒေသ လို့တောင် တင်စား ခေါ်ဝေါ် ခဲ့ကြတာဖြစ်ပါတယ်...။ နှစ်စဉ်၊ နှစ်တိုင်း ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ ထိုရေကန်လေးရဲ့ တည်နေရာကိုတော့ မြန်မာပြည်မြေပုံနဲ့အတူ၊ (မြန်မာနိုင်ငံ မြောက်ဘက် အိန္ဒိယ နယ်စပ် ကချင်ပြည်နယ် နန်းယွန်းမြို့) ဆိုတာ ဖော်ပြပေးထားတာမလို့ သွားရောက်လည်ပတ်ချင်သူတွေအနေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်...။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page
photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။