အာရှ ဘောလုံး အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပခဲ့သည့် လူမှုအကျိုးပြု လုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံအလိုက် လူမှုအကျိုးပြု စွမ်းဆောင်ရည်ဆု (Developing Category)အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Winner အနေဖြင့် ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါ ဆုအတွက် ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်နှင့် မြန်မာတို့ကို စိစစ်ရွေးချယ်ရာတွင် ဘင်္ဂလားဒေရှ့်က တတိယ နေရာ Bronze Award၊ ဟောင်ကောင်က ဒုတိယနေရာ Silver Award နှင့် မြန်မာက ပထမ နေရာ Winner အဖြစ်ချီးမြှင့် ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လူမှုရေး အဖွဲ့အစည်းများအား လှုဒါန်းခြင်း၊ ဧရာဝတီ ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ကလေးသူငယ်များ ကျန်းမာရေး အတွက် လှုဒါန်းမှုပြုလုပ်ခြင်း၊ သဘာဝဘေးဒဏ်ခံရသည့် အိမ်နီးချင်း နိုင်ငံများအား ထောက်ပံ့လှုဒါန်းခြင်း၊ လူငယ် ဘောလုံးပွဲတော်များ ပြိုင်ပွဲများ ကျင်းပ၍ အားကစား အသုံးအဆောင်များ လှုဒါန်းခြင်း အစရှိသည့် ဆောင်ရွက်မှုများကြောင့် ဆုရရှိခဲ့ခြင်း ဖြစ်သည်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် AFC Dream Asia Awards ကို ဒုတိယ အကြိမ်ဆွတ်ခူးရရှိခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်က စတင်ချီးမြှင်ခံခဲ့ရသည်။ ယခုနှစ်တွင် ဆုကြေးအဖြစ်ပါ ပေးအပ်ချီးမြှင့်ခဲ့ရာ MFF အနေဖြင့် ရရှိသည့် ဆုကြေးငွေ USD 15000 အား နောင်နှစ်တွင် ပြုလုပ်မည့် CSR လူမှုရေး လုပ်ငန်းများအတွက် သုံးစွဲလှုဒါန်းသွားမည် ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။