ပရိသတ်တွေရဲ့အချစ်တော်လေး တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့မြေးတစ်ယောက်ဖြစ်တာကြောင့် အနုပညာမျိုးရိုးကဆင်းသက်လာသူလေးဖြစ်ပါတယ်။ယနေ့အချိန်မှာလည်း အနုပညာအလုပ်တွေကိုနိုင်သလောက်လေးလုပ်ဆောင်နေပြီး ချစ်ရတဲ့မိသားစုအတွက်လည်းအချိန်အပြည့်ပေးပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့ သာယာနွေးထွေးတဲ့မိသားစုဘဝလေးကို ပရိသတ်တွေကအရမ်းအားကျကြပြီး စည်းစည်းလုံးလုံးရှိကြတာကြောင့် ချစ်နေရတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အပြန်အလှန်ရိုတတ်ကြတဲ့အပြင် သမီးလေးနှစ်ယောက်ကိုလည်း သေချာပြုစုပျိုးထောင်ပေးတာကြောင့် သမီးလေးတွေက ထူးချွန်ထက်မြက်ကြပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ကလည်း အနုပညာကို ဝါသနာပါကြပြီး သမီးကြီးလေးပေါ်ရှာဆိုရင် အနုပညာအလုပ်တွေကို နည်းနည်းလေးလုပ်ကိုင်နေပါပြီနော်။အခုဆိုရင်တော့ သမီးငယ်လေး ကလိုဝီက အမိုက်စားအိုင်တင်တွေနဲ့ Tiktok တွေကစားနေလို့ မေမေစမိုင်းလ်က"အိုက်တင်တွေက စမိုင်းမူးလဲပါအေ"ဆိုကာ ကလိုဝီလေးရဲ့ ချစ်စရာTiktok လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Video Credit:စမိုင်းလ် Smile's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။