Photo credit - ESL

Dota 2 players တော်တော်များများရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ MATUMBAMAN ရဲ့နာမည်အရင်းကတော့ Lasse Aukusti Urpalainen ပဲဖြစ်ပါတယ်။

သူဟာ Finland နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ကိုမွေးဖွားခဲ့တာကတော့ 1995 ခုနှစ် March လ 3 ရက်နေ့မှာပဲဖြစ်ပါတယ်။

MATUMBAMAN စတင်ကစားခဲ့တဲ့ အသင်းကတော့ Veni,Vidi,Vici အသင်းဖြစ်ပြီး 2014 ခုနှစ် 6 လပိုင်းကနေ 9 လပိုင်းအကုန်ထိကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ MATUMBAMAN ဟာ 4 Anchors + Sea Captain အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 8 လပိုင်းအကုန်လောက်ထိ ကစားခဲ့ပါတယ်။

၎င်းအသင်းမှာကစားခဲ့ပြီးနောက်မှာတော့ MATUMBAMAN ဟာ 5jungz အသင်းကိုရောက်ရှိခဲ့ပြီး 1 လကျော်ကျော်သာကစားပြီးနောက် 2015 ခုနှစ် 10 လပိုင်း 9 ရက်နေ့မှာ Team Liquid ကိုရောက်ရှိလာခဲ့ပါတယ်။

Team Liquid ကိုရောက်ရှိလာခဲ့ချိန်မှာတော့ MATUMBAMAN ဟာ သူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုကိုပြသနိုင်ခဲ့သလို dota 2 players တွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ Ti Champion ဆုကြီးကို 2017 ခုနှစ်မှာ ရယူနိုင်ခဲ့ပါတယ်။

2019 ခုနှစ် 6 လပိုင်းမှာတော့ MATUMBAMAN ဟာ သူလေးနှစ်နီးပါးလောက် ကစားခဲ့တဲ့ Team Liquid ကိုစွန့်ခွာခဲ့ပြီးနောက် Chaos Esports Club ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

Ti 9 ကိုတော့ MATUMBAMAN ဟာ Chaos Esports Club နဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့် 17-18th place နဲ့သာကျေနပ်ခဲ့ရပါတယ်။

TI9 အပြီးမှာတော့ MATUMBAMAN ဟာ Chaos Esports Club ရဲ့ Inactive players တစ်ယောက်ဖြစ်သွားခဲ့ပြီး ဘယ်အချိန်မှာ ဘယ်သူတွေနဲ့ ပြန်ပေါ်လာမလဲဆိုတာ မသိရှိနိုင်သေးပါဘူး။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။